K pop

■ “ငါ့ကိုပဲ ကြည့်ပါ Jisoo” – Jennie

— – – Jisoo ဟာ Jennie ရှေ့မှာ ချစ်စဖွယ် သစ္စာဖောက်ခဲ့တာကြောင့် Jennie တစ်ယောက် …

BLACKPINK အဖွဲ့ရဲ့ Unnie Line ဖြစ်တဲ့ Jisoo နဲ့ Jennie တို့ရဲ့ တစ်ဦးအပေါ် တစ်ဦး ချစ်မြတ်နိုးမှုနဲ့ သူတို့ကြားက သူငယ်ချင်း ဆက်ဆံရေးဟာ အလွန်နွေးထွေးလွန်းတာကြောင့် ပရိသတ်တွေတောင် အားကျရတဲ့အထိ ပါပဲ။

BLACKPINK အဖွဲ့ရဲ့ Live Boradcast တစ်ခုမှာတော့ Jisoo ဟာ အငယ်ဆုံးလေး Lisa ရဲ့ ဆွဲဆောင်မှုကို ခံခဲ့ရပြီး Lisa က သူတို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြောင်း ဆိုကာ “သူငယ်ချင်းအက”ကို ကပြခဲ့ကြပါတယ်။

သူတို့နှစ်ယောက် ကနေတာကို စိုက်ကြည့်နေတဲ့ Jennie ကို မြင်သွားချိန်မှာတော့ Jisoo မျက်လုံးပြူးသွားခဲ့ပြီး Jennie ကို လျှော့ဖို့ ကြိုးစားရင်း High Five လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ Jisoo ရဲ့ လက်ကိုပုတ်ထုတ်ပြီး Jennie က စိတ်ကောက်ကြောင်း ပြသခဲ့ပါတယ်။

ဒါပေမဲ့ Jisoo က ကြိုးစားမှုကို မရပ်ခဲ့ဘဲ Lisa ဆွဲဆောင်လို့ ဖြစ်ကြောင်း ရှင်းပြခဲ့တာပါ။ Jisoo နဲ့ Jennie တို့မှာ သူငယ်ချင်းအကတစ်ခုရှိပြီး ဒါကို သူတို့နှစ်ယောက်ပဲ ကလေ့ရှိပါတယ်။ ဒါကြောင့် Jennie က “Unnie အခုတော့ တခြားသူတွေနဲ့ ကျွန်မတို့အကကို ကနေပြီပေါ့လေ”ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ဆက်ပြီးတော့ Jennie က Jisoo ကို ငယ်ကျိုးငယ်နာတွေ ဖော်ခဲ့ပြီး နောက်ဆုံးမှာတော့ Jisoo ရဲ့ ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ကာ “ဟေး Kim Jisoo ငါ့ကိုပဲ ကြည့်ပါ”ဆိုပြီး ပြောခဲ့တာပါ။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပြေလည်မှု ရခဲ့ပြီး သူတို့ရဲ့ Trademark ဖြစ်တဲ့ “Friends Dance သူငယ်ချင်းအက”ကို ကခဲ့ကြပါတယ်။

သူငယ်ချင်းအက ကပြီးနောက်မှာတော့ Jennie က Jisoo ကို နောက်ထပ် သူ့ရှေ့မှာ တခြားသူတွေက အဲဒီအကကို မကဖို့ သတိပေးခဲ့ပြီး Jisoo က Jennie ရဲ့ မျက်နှာနားကို ကပ်တိုးလေးတစ်ခုခု ပြောခဲ့တာကြောင့် Jennie တစ်ယောက် တပြုံးပြုံးနဲ့ ကျေနပ်ခဲ့ပါတယ်။

Jisoo တစ်ယောက် Jennie ကို ဘယ်လိုရှုပ်လိုက်တယ်ဆိုတာကိုတော့ သူတို့နှစ်ယောက်ပဲ သိပါလိမ့်မယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page