K pop

■ မင်းကျီကျီတက် ချမ်းသာရင်တော့ BTS ရဲ့ Dynamite ဝတ်စုံတွေကို ဝယ်နိုင်မှာပါ

— – – သူတို့ဝတ်စုံတွေကတော့ ဈေးနှုန်းတွေကတော့ …

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ တစ်စုံတစ်ယောက်က Dynamite MV က BTS အဖွဲ့ရဲ့ ဝတ်စုံတွေကို အိမ်သို့ ယူဆောင်သွားပါလိမ့်မယ်။

Beverly Hills မှာ တည်ရှိတဲ့ Julien’s Auctions ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ ကျင်းပမဲ့ 63rd Grammy Awards ပွဲမတိုင်ခင်မှာ လေလံပွဲတစ်ခုကို ပြုလုပ်သွားမှာပါ။

အဲဒီ လေလံပွဲက ရရှိတဲ့ ငွေတွေအားလုံးကို MusiCares Foundation ကို ပေးအပ်သွားမှာဖြစ်ပြီး ဂီတကွန်မြူနတီမှာ အသုံးပြုမယ် စနစ်တွေအတွက်၊ ကျန်းမာရေးအတွက် ရန်ပုံငွေအဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Julien’s Auctions ပွဲမှာ ကမ္ဘာကျော်တွေဖြစ်တဲ့ Bob Dylan၊ Billie Eillish၊ Daniel Craig၊ David Lee Roth တို့ရဲ့ ပစ္စည်းတွေနဲ့အတူ Dynamite MV က BTS အဖွဲ့ရဲ့ ဝတ်စုံတွေကိုလည်း လေလံပစ်သွားမှာ ဖြစ်ပါတယ်။

Dynamite MV က BTS အဖွဲ့ရဲ့ ဝတ်စုံတွေကို တစ်ခုတည်းအဖြစ် လေလံပစ်မှာ ကြမ်းခင်းဈေးကတော့ $20,000 ကနေ $40,000 အကြား ရှိမယ်လို့ ခန်းမှန်းရပါတယ်။ ဒါကြောင့် အတော်လေးကြွယ်ဝမှ သူတို့ ဝတ်စုံတွေကို ဝယ်ယူနိုင်မှာပါ။

BTS အဖွဲ့ဟာ ၂၀၂၀ ခုနှစ်အစောပိုင်းမှာလည်း သူတို့ရဲ့ မိုက်တွေကို လေလံပစ်ဖို့ လှူဒါန်းခဲ့ရပြီး အဲဒီက ရရှိတဲ့ ငွေတွေကို MusiCares Foundation သို့ လှူဒါန်းခဲ့သေးတာ ဖြစ်ပါတယ်။

— ဃဲ
Source: Barron\\\’s and Julien\\\’s Auctions & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page