K pop

■ Taeyong နဲ့ပတ်သက်တဲ့ SM Entertainment ရဲ့ ထုတ်ပြန်ချက်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့

— – – SM Entertainment ရဲ့ မထင်မှတ်တဲ့ ထုတ်ပြန်ချက်ကတော့ ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။

NCT အဖွဲ့ဝင် Taeyong ဟာ NCT အဖွဲ့ရဲ့ လှုပ်ရှားမှုတွေအပါအဝင် ဒီဇင်ဘာ (၂၇)ရက် ကျင်းပမဲ့ NCT’s Beyond LIVE concert မှာလည်း ပါဝင်မဟုတ်ဘူးလို့ SM Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ (၂၄)ရက်မှာ NCT အဖွဲ့ဝင် Taeyong နဲ့ ပတ်သက်ပြီး SM Entertainment က အောက်ပါအတိုင်း ထုတ်ပြန်ခဲ့တာပါ။ SM Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “SM Entertainment ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။

NCT အဖွဲ့ဝင် Taeyong ဟာ ကျောရိုးမကြီးအောက်ဘက်မှာ ဒဏ်ရာရရှိနေပါတယ်။ ဒါကြောင့် သူ့အနေနဲ့ Beyond LIVE – NCT : RESONANCE [Global Wave] မှာ ပါဝင်နိုင်မှာ မဟုတ်သလို၊ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

အဲဒီအတွက် နားလည်ပေးကြဖို့ ပရိသတ်တွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ Taeyong အမြန်ဆုံး ပြန်လည်နေကောင်းလာဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး Taeyong ကိုယ်တိုင်ကလည်း သူ့ရဲ့ကျန်းမာရေးကို ဂရုစိုက်နေပါတယ်”လို့ ဖော်ပြပါရှိပါတယ်။

— ဃဲ
Ref: Soompi & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page