K pop

■ Spotify မှာ Stream အများဆုံးဖြစ်တဲ့ ပထမဆုံး 2nd-Generation Group

—- King Of K-pop လို့တင်စားကြတဲ့ 2nd-Generation Group BIGBANG စစ်မှုတာဝန်ထမ်းဆောင် ကတည်းက Music အသစ်တွေမထွက်ပဲ နားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ Music တွေဟာ ပရိ သတ်တွေရဲ့ ရင်ထဲစွဲနေဆဲဖြစ်ပြီး သမိုင်းစံချိန်တွေ တင်နေတုန်းဖြစ်ပါတယ်။

BIGBANG အဖွဲ့ဟာ Spotify ရဲ့ Global Streaming ပလက်ဖောင်းမှာ Stream 1 ဘီလီယံပြည့်ခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် BIGBANG ဟာ ဒီမိုင်တိုင်ကို ရောက်ရှိတဲ့ ပထမဆုံး 2nd-Generation Group ဖြစ်ခဲ့ပါတယ်။

K-pop အားလုံးထဲမှာ BIGBANG ဟာ Stream 1 ဘီလီယံပြည့်တဲ့ (၇)ခုမြောက် အဖွဲ့ဖြစ်သလို ကိုရီး ယားသီချင်းအရေအတွက်ကလည်း နည်းတာဖြစ်ပါတယ်။ BIGBANG ဟာ သူတို့ကျင်လည်ခဲ့တဲ့ 14 နှစ်အတွင်း ကိုရီးယားသီချင်း 67 ပုဒ်ပဲ ထုတ်လွှင့်ထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နှစ် 15ပုဒ်၊ 30 ထုတ်လွှင့်တတ်တဲ့ K-pop Artist တွေထဲမှာ BIGBANG ဟာ ကောင်းပေ့ဆို တဲ့ သီချင်းအနည်း ငယ်သာထုတ်လွှင့်တတ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တာပါ။

BIGBANG နောက်ဆုံးထွက်ထားတဲ့ Album ဟာ ပြီးခဲ့တဲ့ 4 နှစ်ကဖြစ်ပြီး Streaming ခေတ်မှာ BIGBANG အနေနဲ့ Album တစ်ခုတည်းထုတ်ဝေထားတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ 6နှစ် အတွင်းမှာ သီချင်းပေါင်း 67 ပုဒ်နဲ့ Spotify မှာ Stream 1 ဘီလီယံပြည့်တဲ့ မိုင်တိုင်ကိုရရှိတဲ့ ပထမဆုံး 2nd-Generation Group လည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page