K pop

■ ခရစ္စမတ်မှာ “2021 Season’s Greetings” ဓါတ်ပုံတွေကို BLACKPINK အဖွဲ့ ထုတ်ပြန်

— BLACKPINK ဟာ ခရစ္စမတ်နေ့မှာ လက်ဆောင်အနေနဲ့ BLINK တွေကို “2021 Season’s Greetings” ဓါတ်ပုံတွေ ထုတ်ပြန်ပြီး စပရိုက်ပြုလုပ်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ဝင်တွေဟာ တစ်ဦးချင်းစီ ဓါတ်ပုံတွေထုတ်ပြန်ခဲ့တာဖြစ်ပါပြီး ချစ်စရာကောင်းတဲ့ အသုံးအဆောင်တွေနဲ့အတူ နတ်သမီးဝတ်စုံပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တာဖြစ်ပါတယ်။

Jennie ဟာ နီရဲတဲ့ Lipstick နဲ့ အတူ သူမရဲ့ ပြင်းထန်တဲ့ Charisma နဲ့ ဆွဲဆောင်ခဲ့သလို Rose’ ကတော့ အစိမ်းရောင်ကာလာ သစ်လွင်တဲ့ Forest အလှတရားကို ဖော်ကျူးခဲ့တာဖြစ်ပါတယ်။

ပန်းရောင်တောင်ပံနဲ့ Lisa ရဲ့ Enigmatic Vibe ကလည်း ချစ်စရာကောင်းသလို Jisoo ကတော့ အဖြူ ရောင်နဲ့ သန့်စင်တဲ့ အလှတရားကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

BLACKPINK ရဲ့ “2021 Season’s Greetings” ဓါတ်ပုံတွေကို Pre-Order Sale နဲ့ရောင်းချနေပြီး ဒီဇင်ဘာလ 30 ရက်နေ့မှာ တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။

“2021 Season’s Greetings” ထဲမှာ အော်ရဂျင်နယ် DVD ၊ ပြက္ခဒိန်၊ အချိန်ဇယားတွေ၊ အဖွဲ့ဝင်တွေ ရဲ့ Photo Card ၊ စတစ်ကာ၊ Post Card တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး အွန်လိုင်း Show ကို နောက်နှစ် ဇန်နဝါရီလ 21 ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page