K pop

■ Saint Laurent Brand ဆီကနေ Rosé ရတဲ့ ခရစ္စမတ်လက်ဆောင် တန်ဖိုးသိရင် မအံ့သြကြေး

—- နာမည်ကျော် ဇိမ်ခံ Saint Laurent Brand ဆီကနေ Rosé ရတဲ့ ခရစ္စမတ်လက်ဆောင် တန်ဖိုး သိရင် BLINK တွေ မျက်လုံးပြူးကုန်ကြမယ်ထင်ပါတယ်…

Saint Laurent Brand ဟာ Rosé ရဲ့ ချစ်လှစွာခွေးကလေး Hank အတွက် ခရစ္စမတ်လက်ဆောင် ပေးခဲ့တာဖြစ်ပြီး ရရှိတဲ့ လက်ဆောင်တွေရဲ့ပုံရိပ်တွေ Hank ရဲ့ Instagram အကောင့်မှာ တက်လာခဲ့ တာဖြစ်ပါတယ်။

Rosé ရဲ့ ခွေးကလေး Hank ဟာ လည်သာနဲ့ပြုလုပ်ထားတဲ့ သယ်ဆောင်လို့ရတဲ့ အိတ်ရယ်၊ အစားအ စာအတွက် ခွက် နှစ်ခွက် လက်ဆောင်ရခဲ့တာပါ။ Caption မှာလည်း “ ကျေးဇူးတင်ပါတယ်…အန်တိုနီ နဲ့ Saint Laurent… Marry Christmas ပါ…Hank!” လို့ ရေးသားခဲ့ပါတယ်။

Rosé ဟာ Saint Laurent Brand ရဲ့ သံတမန်တစ်ဦးဖြစ်ပြီး ခွေးကလေး Hank ဟာလည်း ကံကောင်းတဲ့ တိရစ္ဆာန်လေးဖြစ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Hank ရခဲ့တဲ့ လက်ဆောင်တွေဟာ ပုံမှန်ထက် အဆမတန်ဈေးကြီးနေတာဖြစ်ပါတယ်။

လည်သာနဲ့ပြုလုပ်ထားတဲ့ အိတ်ဟာ ကန်ဒေါ်လာ 3250 ရှိသလို အစားအစာခွက်ကလည်း တစ်ခုကို ကန်ဒေါ်လာ 690 ရှိတာဖြစ်ပါတယ်။ ဒီတန်ဖိုးကိုသိပြီး BLINK တွေက အံ့အားသင့်ခဲ့ကြသလို Hank ဟာ ကမ္ဘာ့ကံအကောင်းဆုံး ခွေးလေးတစ်ကောင်ဖြစ်သလို သူ့ရဲ့ အစားစာခွက်က သူတို့ထက် တောင် ဈေးကြီးနေတယ်ဆိုပြီး BLINK တွေက နောက်ပြောင်ခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page