— Korea Music Content Association (KMCA) 2020 ခုနှစ် တောင်ကိုရီးယားနိုင်ငံအတွင်း Highest-Ranking Digital Songs စာရင်း 10 ခုကို ထုတ်ပြန်ခဲ့ပြီး K-pop Group သီချင်းတစ်ပုဒ်သာ ပါဝင်ခဲ့…
KMCA ဟာ 2020 ခုနှစ်အတွင်း Gaon Chart မှာ အပတ်တိုင်း ပေါ်ပြူလာဖြစ်ခဲ့တဲ့ သီချင်းတွေနဲ့ Album တွေကို စာရင်းပြုစုပြီး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ Download နဲ့ Streaming အများဆုံးကို အခြေခံပြီး ထုတ်ပြန်တဲ့ 2020 Highest-Ranking Digital Songs စာရင်း 10 ခုလည်း ဖြစ်တာပါ။
ဒီစာရင်းမှာ K-pop Group သီချင်းဆိုလို့ တစ်ပုဒ်သာပါဝင်ခဲ့ပြီး ကျန်တဲ့သီချင်းတွေကတော့ Solo Artist တွေရဲ့ သီချင်းနဲ့ Indie Acts သီချင်းတွေသာပါဝင်ခဲ့တာပါ။ တစ်ပုဒ်တည်းသာ ပါဝင်ခဲ့တဲ့ K-pop Group Song ကတော့ Red Velvet အဖွဲ့ရဲ့ “Psycho” ပဲဖြစ်ပါတယ်။
10) AKMU – “How Can I Love the Heartbreak…”
9) Gaho – “Start Over”
8) Red Velvet – “Psycho”
7) Noel – “Late Night”
6) IU & Suga (BTS) – “Eight”
5) IU – “Blueming”
4) Jang Beom June – “Your Shampoo Scent In The Flowers”
3) Jo Jung Suk – “Aloha”
2) Changmo – “Meteor”
1) Zico – “Any Song”
-m2t
Ref: Koreaboo