K pop

■ BTS ကို အင်္ဂလိပ်ကို မိတ်ဆက်ပေးခဲ့တဲ့ နောက်ကွယ်ကအကြောင်းကို Seohyun ဖွင့်ဟ

-UNICODE

– – -Seohyun ဟာ The Fact Music Awards မှာ BTS ကို အင်္ဂလိပ်လို မိတ်ဆက်ပေးခဲ့ပြီး….

Girls’ Generation ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Seohyun ဟာ ဒီဇင်ဘာ (၂၄) ရက်နေ့မှာ သူမရဲ့ Instagram ကနေ Live လွှင့်ခဲ့ပါတယ်။

ှSeohyun ဟာ ခရစ္စမတ်အပြင်အဆင်မျိုး ပြင်ဆင်ထားပြီး ခေါင်းပေါ်မှာလည်း အနီရောင်ဖဲကြိုးလေးကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ Live လွှင့်နေစဉ်အတွင်းမှာ Seohyun ကThe Fact Music Awards မှာ BTS ကို အင်္ဂလိပ်လို မိတ်ဆက်ပေးခဲ့တဲ့နောက်ကွယ်က အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

The Fact Music Awards မှာ Seohyun က BTS အဖွဲ့ကို အင်္ဂလိပ်လို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ ဒီလိုမျိုး မိတ်ဆက်နိုင်အောင် သူမအနေနဲ့ Tiffany ဆီက အကူအညီတောင်းခဲ့ရတယ်လို့ Seohyun က ဆိုခဲ့ပါတယ်။

“ဒါက အစက မိတ်ဆက်ဖို့ လုပ်ထားတာနဲ့ကွဲပြားပါတယ်။ သဘာဝကျကျ လုပ်ချင်တာကြောင့် Tiffany ကို အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မအနေနဲ့ သီးခြားဇာတ်ညွှန်းရေးခဲ့ရပြီး အဲရက်မတိုင်ခင်မှာ ပြင်ဆင်ခဲ့ရတာပါ”လို့ Seohyun က ဖွင့်ဟခဲ့ပါတယ်။

ဒီလိုမျိုး Girls’ Generation အဖွဲ့ဝင်တွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အဆက်အသွယ်ရှိပြီး ကူညီတာကို သိခဲ့ရပြီးနောက် ပရိသတ်တွေကလည်း ပိတီဖြစ်ခဲ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ BTS ကို အဂၤလိပ္ကို မိတ္ဆက္ေပးခဲ့တဲ့ ေနာက္ကြယ္ကအေၾကာင္းကို Seohyun ဖြင့္ဟ

– – -Seohyun ဟာ The Fact Music Awards မွာ BTS ကို အဂၤလိပ္လို မိတ္ဆက္ေပးခဲ့ၿပီး….

Girls’ Generation ရဲ႕ အသက္အငယ္ဆုံးအဖြဲ႕ဝင္ Seohyun ဟာ ဒီဇင္ဘာ (၂၄) ရက္ေန႔မွာ သူမရဲ႕ Instagram ကေန Live လႊင့္ခဲ့ပါတယ္။

ွSeohyun ဟာ ခရစၥမတ္အျပင္အဆင္မ်ိဳး ျပင္ဆင္ထားၿပီး ေခါင္းေပၚမွာလည္း အနီေရာင္ဖဲႀကိဳးေလးကို ဝတ္ဆင္ထားခဲ့တာ ျဖစ္ပါတယ္။ Live လႊင့္ေနစဥ္အတြင္းမွာ Seohyun ကThe Fact Music Awards မွာ BTS ကို အဂၤလိပ္လို မိတ္ဆက္ေပးခဲ့တဲ့ေနာက္ကြယ္က အေၾကာင္းကို ဖြင့္ဟခဲ့ပါတယ္။

The Fact Music Awards မွာ Seohyun က BTS အဖြဲ႕ကို အဂၤလိပ္လို မိတ္ဆက္ေပးခဲ့တာျဖစ္ၿပီး သူမရဲ႕ အဂၤလိပ္စကားေျပာစြမ္းရည္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး မိတ္ဆက္ႏိုင္ေအာင္ သူမအေနနဲ႔ Tiffany ဆီက အကူအညီေတာင္းခဲ့ရတယ္လို႔ Seohyun က ဆိုခဲ့ပါတယ္။

“ဒါက အစက မိတ္ဆက္ဖို႔ လုပ္ထားတာနဲ႔ကြဲျပားပါတယ္။ သဘာဝက်က် လုပ္ခ်င္တာေၾကာင့္ Tiffany ကို အကူအညီေတာင္းခဲ့ပါတယ္။ ကြၽန္မအေနနဲ႔ သီးျခားဇာတ္ၫႊန္းေရးခဲ့ရၿပီး အဲရက္မတိုင္ခင္မွာ ျပင္ဆင္ခဲ့ရတာပါ”လို႔ Seohyun က ဖြင့္ဟခဲ့ပါတယ္။

ဒီလိုမ်ိဳး Girls’ Generation အဖြဲ႕ဝင္ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ အဆက္အသြယ္ရွိၿပီး ကူညီတာကို သိခဲ့ရၿပီးေနာက္ ပရိသတ္ေတြကလည္း ပိတီျဖစ္ခဲ့ရပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page