K pop

■ တခြား Idol အဖွဲ့အတွက် သီချင်းရေးသားပေးခဲ့ကြတဲ့ K-pop Idol (၈) ဦး

– – – တချို့ သီချင်းတွေဆိုရင် ဒီ Idol တွေရေးပေးထားမှန်း သတိထားမိမှာ မဟုတ်ဘဲ….

Suga (BTS)

BTS အဖွဲ့ဝင် Suga ဟာ ကိုယ်ပိုင်သီချင်းတွေ ထုတ်လုပ်ရေးသားသူဖြစ်ပါတယ်။ သူက Suran ရဲ့ Wine သီချင်းကိုလည်း ရေးသားပေးခဲ့ပါတယ်။

Taeyang (BIGBANG)

Se7en ရဲ့ “Somebody Else”သီချင်းဟာ Taeyang လည်း ပါဝင်အားဖြည့် ရေးသားပေးထားတာပါ။

RM (BTS)

RM ကတော့ သီချင်းရေးသားရာမှာ နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ သူက ကိုယ်ပိုင်သီချင်းတွေအပြင် GLAM ရဲ့ “PARTY (XXO)”, Homme ရဲ့ “Dilemma” တို့ကိုလည်း ပါဝင်ရေးသားပေးခဲ့ပါတယ်။

Woozi (SEVENTEEN)

I.O.I အဖွဲ့ရဲ့ ဆွေးမြေ့ပြီး ခံစားစရာကောင်းလွန်းတဲ့ Downpour သီချင်းကို SEVENTEEN အဖွဲ့ဝင် Woozi ကလည်း အားဖြည့်ရေးသားပေးထားတာပါ။

B.I (iKON အဖွဲ့ဝင်ဟောင်း)

သီချင်းရေးစပ်ရာမှာ ပါရမီပါသူ B.I ဟာ BLACKPINK ရဲ့ “Whistle”, WINNER ရဲ့ “Empty” နဲ့ PSY ရဲ့ “Autoreverse” တို့ကို အားဖြည့်ရေးသားပေးထားပါတယ်။ ဒါ့အပြင် B.I ဟာ တခြား သီချင်းကောင်းများစွာကိုလည်း ရေးသားထားခဲ့ပါတယ်။

Zico

Mino ရဲ့ Turtle Ship နဲ့ Fear တု့ိကို Zico ကလည်း အားဖြည့်ရေးသားပေးထားတာပါ။

J-Hope (BTS)

Jo Kwon ရဲ့ “Animal” ကို BTS အဖွဲ့ဝင် J-Hope ကလည်း အားဖြည့်ရေးသားပေးတား ဖြစ်ပါတယ်။

G-Dragon (BIGBANG)

ဘက်စုံထူးချွန်းသူဖြစ်တဲ့ G-Dragon ဟာ သီချင်းရေးစပ်ရာမှာလည်း နာမည်ကျော်ကြားလွန်းသူပါ။ ကိုယ်ပိုင်သီချင်းများစွာကို ရေးသားခဲ့ပြီး တခြား Idol တွေအတွက် သီချင်းကောင်းများစွာကိုလည်း G-Dragon က ရေးသားပေးခဲ့တာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page