K pop
■ မိန်းကလေးအနုပညာရှင်တစ်ဦးဘက်က ချဉ်းကပ်တာကို ခံခဲ့ရဖူးတဲ့ Cha Eunwoo
-UNICODE
– – – အဲဒီမိန်းကလေးအနုပညာရှင်က Cha Eunwoo ကို မက်ဆေ့ချ်ပို့ကာ လမ်းကြောင်းခင်းခဲ့တာဖြစ်ပြီး…..
Face Genius လို့ တင်စားခံထားရတဲ့ Cha Eunwoo ကို ကြိုက်နေတဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာ ပြောစရာ မလိုပါဘူး။
Cha Eunwoo ကို ချဉ်းကပ်နေကြတဲ့အထဲမှာ အနုပညာရှင်တွေလည်း ပါဝင်မှာ မလွဲဧကန်ပါပဲ။ Radio Star အစီအစဉ်မှာ ပါဝင်ခဲ့စဉ်တုန်းက သူ့ကို မိန်းကလေးအနုပညာရှင်တစ်ယောက်က ချဉ်းကပ်ခဲ့တဲ့အကြောင်း Cha Eunwoo က ထုတ်ဖော်ခဲ့ပါတယ်။
Cha Eunwoo နဲ့ အဲဒီမိန်းကလေးအနုပညာရှင်တို့ဟာ အပြန်အလှန်သိကျွမ်းသူတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကနေ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီ မိန်းကလေးအနုပညာရှင်က Chan Eunwoo ကို မက်ဆေ့ချ်ပေးပို့ခဲ့တာပါ။
“ကျွန်တော့်အနေနဲ့ ပွဲထွက်ပြီးကတည်းက တစ်ခါမှ မဒိတ်ဖူးဘူးဗျ။ အနုပညာရှင်တစ်ယောက်က ချဉ်းကပ်တာကိုတော့ ခံခဲ့ရဖူးတယ်။ သူမကို ကျွန်တော် ငြင်းလိုက်တယ်လို့လည်း မဟုတ်ပါဘူး။ ဘာမှ ပြန်မပြောခဲ့တာ။ အဲဒီနောက်လည်း ကျွန်တော်တို့ အပြန်အလှန် ပြောဆိုကြတာပါပဲ”လို့ Cha Eunwoo က ဆိုခဲ့ပါတယ်။
Cha Eunwoo က သူ့အနေနဲ့ သဘာဝကျကျပဲ တွဲချင်ပြီး ကြားလူတစ်ယောက်က မိတ်ဆက်ပေးတာမျိုးကနေ မတွဲချင်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်က သဘာဝကျကျ တွေ့ဆုံပြီးပဲ ဒိတ်ချင်တာပါ”လို့ Cha Eunwoo က ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။
-ZAWGYI
– – – အဲဒီမိန်းကလေးအနုပညာရှင်က Cha Eunwoo ကို မက်ဆေ့ခ်ျပို့ကာ လမ်းကြောင်းခင်းခဲ့တာဖြစ်ပြီး…..
Ref: Koreaboo
You cannot copy content of this page