K pop

■ ဒီဇင်ဘာလ Idol Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေလဲ

— ဒီဇင်ဘာလ Idol Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….

ဒီဇင်ဘာလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။

ဒီဇင်ဘာလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ပုံမှန်ထိပ်ဆုံးကပဲ ဦးဆောင်နေကြဖြစ်တဲ့ BTS အဖွဲ့က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (18,972,090) ရရှိခဲ့ပါတယ်။

BTS ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ အမျိုးသမီး K-pop Group BLACKPINK က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (8,401,874) ရရှိခဲ့ပါတယ်။ နံပါတ် (၃)နေရာမှာတော့ အောက်တိုဘာ လ၊ နိုဝင်ဘာလ ဒီ နံပါတ် (3)မှာပဲ ရပ်တည်ခဲ့တဲ့ အမျိုးသားအဖွဲ့ NCT က Reputation Index (7,985,896) ရရှိခဲ့ပြီး ရပ်တည်ခဲ့တာပါ။

နံပါတ် (၄)နဲ့ (၅)မှာ SEVENTEEN ၊ (G)I-DLE အဖွဲ့တို့က ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့ တဲ့ နိုဝင်ဘာလ 17 ရက်နေ့ကမှ Debut လုပ်ထားတဲ့ SM အမျိုးသမီးအဖွဲ့သစ် aespa အဖွဲ့ဟာ နံပါတ် (11)မှာ ရပ်တည်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

Korean Business Research Institute ဟာ နိုဝင်ဘာလ 26 ရက်နေ့ကနေ ဒီဇင်ဘာလ 26 ရက်နေ့ အထိ Idol Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်း

1# BTS ၊ 2# BLACKPINK ၊ 3# NCT ၊ 4# SEVENTEEN ၊ 5# (G)I-DLE ၊ 6# IZ*ONE ၊ 7# TWICE ၊ 8# Oh My Girl ၊ 9# MAMAMOO ၊ 10# EXO

11# aespa ၊ 12# GFRIEND ၊ 13# MONSTA X ၊ 14# TXT ၊ 15# Red Velvet ၊ 16# ITZY ၊ 17# Super Junior ၊ 18# The Boyz ၊ 19# GOT7 ၊ 20# Weeekly

21# EVERGLOW ၊ 22# fromis_9 ၊ 23# TREASURE ၊ 24# Lovelyz ၊ 25# NU’EST ၊ 26# ASTRO ၊ 27# STELLAR ၊ 28# APRIL ၊ 29# Girls’ Generation ၊ 30# SHINee

-m2t
Ref: Soompi

You cannot copy content of this page