K pop

■ BLACKPINK ရဲ့ ‘Ice Cream’ နဲ့ ‘The Album’တို့ စံချိန်မိုင်တိုင်တွေ စိုက်ထူခဲ့ကြ

—- BLACKPINK အဖွဲ့ရဲ့ ‘Ice Cream’ ဟာ YouTube Views မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့သလို ‘The Album’ ဟာလည်း Spotify မှာ…

BLACKPINK အဖွဲ့နဲ့ Selena Gomez တို့ Collaboration သီချင်း ‘Ice Cream’ ဟာ ဒီဇင်ဘာလ 26 ရက်နေ့က YouTube Views သန်း 450 မိုင်တိုင်ကိုရောက်ရှိသွားခဲ့ပါတယ်။ ‘Ice Cream’ ဟာ သြဂုတ် 18 ရက်နေ့ ကိုရီးယားစံတော်ချိန် 1PM မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး YouTube Views သန်း 450 မိုင်တိုင်ရောက်ရှိဖို့ 3လ 27ရက်၊ 17 နာရီသာကြာမြင့်ခဲ့တာပါ။

နောက်ပြီး ‘Ice Cream’ ဟာ BLACKPINK အဖွဲ့ရဲ့ YouTube Views သန်း 450 ပြည့်တဲ့(8)ပုဒ် မြောက် MV တစ်ပုဒ်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းတွေအရ BLACKPINK အဖွဲ့ရဲ့ Full Album ဖြစ်တဲ့ ‘THE ALBUM’ ဟာ Spotify မှာ Stream 1 ဘီလီယံပြည့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ Album တစ်ခုလုံးအနေနဲ့ Stream 1 ဘီလီ ယံပြည့်တဲ့မိုင်တိုင်ကို ရရှိတဲ့ ပထမဆုံး ကိုရီးယားအမျိုးသမီးအဖွဲ့ရဲ့ Album ဖြစ်ခဲ့သလို ဒီမိုင်တိုင်ကို အမြန်ဆုံးရရှိတဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့အဖြစ်လည်း BLACKPINK မှတ်တမ်းဝင်ခဲ့ပါတယ်။

မကြာသေးခင်က Title Track ဖြစ်တဲ့ ‘Lovesick Girls’ MV ဟာ YouTube Views သန်း 300 ပြည့်ခဲ့ ပြီး စံချိန်သစ်တင်ခဲ့သေးတာဖြစ်ပါတယ်။

-m2t
Ref: Soompi & Allkpop

You cannot copy content of this page