K pop

■ ကမ္ဘာ့အရှည်ဆုံးအဆောက်အဦးမှာ Ads ဖော်ပြခံရပြီး ဒီဇင်ဘာလကို သိမ်းပိုက်မယ့် V

—- တရုတ်အမာခံပရိသတ်တွေဟာ BTS အဖွဲ့ဝင် V ကို သမိုင်းဝင် ဒီဇင်ဘာလ လူသားတစ်ဦး ဖြစ် အောင် တစ်နှစ်ပြီး တစ်နှစ်၊ တစ်ခုပြီးတစ်ခုနဲ့ ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။

BTS အဖွဲ့ဝင် V ဟာ ကမ္ဘာ့အရှည်ဆုံးအဆောက်အဦးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Burj Khalifa မှာ မွေးနေ့ကြော်ငြာဖော် ပြခံရတဲ့ ပထမဆုံး Idol တစ်ဦးဖြစ်လာခဲ့ပါတယ်။

V ရဲ့ တရုတ်အမာပရိသတ်တွေဖြစ်တဲ့ @KIMTAEHYUNGBAR ဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ တည် ရှိတဲ့ ကမ္ဘာ့အရှည်ဆုံး အဆောက်အဦး Burj Khalifa မှာ BD Ads ပြုလုပ်ကာ V အတွက် ဂုဏ်ပြုပေး ကြတာဖြစ်ပါတယ်။

အဆိုပါအဆောက်အဦးရဲ့ Skyscraper ကြော်ငြာပြုလုပ်ဖို့ (၃)မိနစ်ကို ကန်ဒေါ်လာ 68000 ကုန်ကြပြီး တရုတ်အမာခံပရိသတ်တွေဟာ ရက်ပေါင်း 80 အတွင်း ဖန်ငွေကောက်ခံမှု ကန်ဒေါ်လာ 1 သန်းအထိ ရခဲ့တယ်လို့ သိရပါတယ်။ တရုတ်ပရိသတ်တွေဟာ ငွေတွေအလွန်ကုန်ကြခံကာ သူတို့နှစ်သက်တဲ့ K-pop Idol တွေကို ကမ္ဘာ့အထင်ကရနေရာတွေမှာ BD Wish Ads တွေပြုလုပ်ပေးလေ့ရှိပြီး V ကတော့ သမိုင်းဝင် ဒီဇင်ဘာလ လူသားတစ်ဦးဖြစ်လို့နေပါပြီ။

ဒီလို တရုတ်ပရိသတ်တွေက V ကို ကြော်ငြာလုပ်ပေးမယ်လို့ ကြေညာလိုက်တဲ့အချိန် Twitter Trend ဖြစ်ခဲ့သလို Google မှာ Burj Khalifa ကို ရှာဖွေမှုက 100% ရှိခဲ့တယ်လို့ သိရပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page