-UNICODE
– – -ဒီ Idol တွေရဲ့ အောင်မြင်မှုကြောင့် သူတို့ရဲ့ အေဂျင်စီပါ ဂုဏ်တက်လာခဲ့ကာ အောင်မြင်လာခဲ့ပြီး…
K-pop အဖွဲ့တစ်အဖွဲ့အနေနဲ့ အောင်မြင်မှုရဖို့ဆိုရင် အေဂျင်စီရဲ့ အတိုင်းအတာကလည်း အရေးပါလှပါတယ်။ ထိပ်တန်းအေဂျင်စီက Idol အဖွဲ့ကတော့ လူစိတ်ဝင်စားတာကို ခံရပြီး အောင်မြင်နိုင်ချေများလေပါပဲ။ ဒါပေမဲ့ သေးငယ်တဲ့ အေဂျင်စီက Idol အဖွဲ့တွေကလည်း အောင်မြင်ဖို့ အခွင့်အရေးရှိပါတယ်။
ဥပမာ BTS လိုပေါ့။ BTS မအောင်မြင်ခင်တုန်းက Big Hit ဟာ အခုလောက် မတိုးတက်သေးဘဲ ရှိနေခဲ့တာပါ။ ဒါပေမဲ့ BTS ရဲ့ အံ့မခန်းအောင်မြင်မှုတွေနဲ့အတူ Big Hit ကလည်း ဓနအင်အားကြီးထွားလာခဲ့ပြီး ထိပ်တန်းအဆင့်ကို ရောက်လာခဲ့ပါတယ်။ အခုအခါ အဲဒီလိုပုံစံမျိုး K-pop အဖွဲ့ (၅) ဖွဲ့ကို ဖော်ပြပေးလိုက်ရပါတယ်။
ATEEZ
ATEEZ ဟာ ၂၀၁၈ ခုနှစ်မှာ KQ Entertainment လက်အောက်ကနေ ပွဲထွက်ခဲ့တာပါ။ အဲဒီအေဂျင်စီဟာ သေးငယ်ပေမဲ့ ATEEZ အဖွဲ့ဝင်တေရဲ့ အရည်အချင်းရှိမှု၊ အေဂျင်စီရဲ့ စီမံခန့်ခွဲမှုကောင်းမွန်မှုတို့ကြောင့် ATEEZ ဟာ နိုင်ငံတကာ ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။
EVERGLOW
EVERGLOW ဟာ Yuehua Entertainment လက်အောက်ကနေ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအေဂျင်စီဟာ တရုတ်မှာ နာမည်ကျော်ပေမဲ့ ကိုရီးယားမှာတော့ အေဂျင်စီသေးသေးလေးပါ။ EVERGLOW အဖွဲ့အောင်မြင်မှု ရရှိလာတာနဲ့အမျှ Yuehua Entertainment ကလည်း အင်အားကြီးလာခဲ့ပါတယ်။
LOONA
LOONA က သေးငယ်တဲ့ အေဂျင်စီကနေ ပွဲထွက်ခဲ့ပေမဲ့ နိုင်ငံတကာ ပရိသတ်တွေကြားမှာတော့ ရေပန်းစားပါတယ်။ LOONA ဟာ Album Charts တွေမှာလည်း အောြင်မင်မှုရှရှိခဲ့တာ ဖြစ်ပါတယ်။
MONSTA X
STARSHIP Entertainment ဟာ သေးငယ်ပေမဲ့ SISTAR လိုအဖွဲ့မျိုးတွေကြောင့် နာမည်တော့ ရှိပြီးသားပါ။ MONSTA X ဟာနိုင်ငံတကာမှာ ပရိသတ်အင်အားအခိုင်အမာရရှိထားပြီး နိုင်ငံခြားဖျော်ဖြေပွဲတွေမှာလည်း အောင်မြင်မှု ရရှိထားပါတယ်။
Dreamcatcher
Dreamcatcher ကလည်း အေဂျင်စီ သေးသေးလေးကနေ ပွဲထွက်ခဲေ့ပမဲ့ နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေတဲ့ အဖွဲ့ပါ။ အထူးသဖြင့် Dreamcatcher ဟာ လန်ဒန်၊ မက်ဒရစ်၊ ပဲရစ် အစရှိ ဥရောပမြို့ကြီးတွေမှာ ဖျော်ဖြေပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။
-ZAWGYI
■ အေဂျင်စီသေးသေးလေးတွေက နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေတဲ့ K-pop အဖွဲ့ (၅) ဖွဲ့
ATEEZ
EVERGLOW
LOONA
MONSTA X
Dreamcatcher
Ref: Koreaboo