K pop

■ စာသင်ကျောင်းတွေမှာ D.O. ဘယ်လောက် ရေပန်းစားသလဲဆိုတာ ဒါက သက်သေ

-UNICODE

– – -ကိုရီးယား၊ ဂျပန်တို့က စာသင်ကျောင်းတွေမှာ D.O. က ကျော်ကြားမှုက..

EXO အဖွဲ့ဝင် D.O. ဟာ အရည်အသွေး ပေါများရုံမက ချစ်စရာကောင်းတဲ့ပုံစံတွေကြောင့်လည်း ပရိသတ်တွေက သူ့ကို အချစ်ပိုနေရတာပါ။

ဒါကြောင့် D.O. ရဲ့ နာမည်ကျော်ကြားမှုက တော်ရုံမဟုတ်ဘဲ အားလုံးထင်မှတ်ထားတာထက် ပိုမိုကြီးမားတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် D.O. ဟာ ပရိသတ်တွေကြားမှာသာမက စာသင်ကျောင်းတွေမှာလည်း ရေပန်းစားတာကို တွေ့ရမှာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း တောင်ကိုရီးယားနိုင်ငံက ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတွေ ထားရှိသင့်တဲ့ ဆံပင်ပုံစံနမူနာမှာ D.O.ရဲ့ ပုံကို အသုံးပြုထားတဲ့ဖြစ်ရပ်ကလည်း ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေက ကျောင်းတွေမှာ D.O. ရဲ့ ပိုစတာကို ဆက်သုံးသင့်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ဂျပန်နိုင်ငံက ကျောင်းစာသင်ခန်း ဖတ်စာအုပ်မှာလည်း D.O. ရဲ့ပုံရိပ်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ခန္ဓာဗေဒဘာသာရပ်အတန်းမှာ D.O. ရဲ့ပုံကို အသုံးပြုထားတယ်လို့ ဆိုနေကြတာပါ။ အဲဒီပုံဟာ D.O. ရဲ့ပုံကို တိတိကျကျ မပြောနိုင်ပေမဲ့ ပရိသတ်တွေက D.O.နဲ့ အလွန်ဆင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါကြောင့် D.O. ဟာ စာသင်ကျောင်းတွေမှာလည်း လွှမ်းမိုးမှုရှိသူ၊ ကျော်ကြားသူဆိုတာ အထင်းသားတွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page