K pop

■ ဆိုးရွားလှတဲ့ ဆက်ဆံပုံတွေကြောင့် Cube Entertainment နဲ့ စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုထားတဲ့ CLC အဖွဲ့ဝင်

-UNICODE

– – Cube Entertainment ဟာ စာချုပ်ပါ အလက်အလက်တွေကို ချိုးဖောက်ခဲ့တယ်လို့ဆိုကာ ဥပဒေအကြံပေးတွေကနေ တစ်ဆင့်…..

CLC အဖွဲ့ဝင် Elkie ကတော့ Cube Entetertainment အနေနဲ့ စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်ခဲ့ပြီး ဆိုးရွားစွာ ဆက်ခံခဲ့လို့ စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။

Elkie ရဲ့ ဥပဒေရေးရာ အကြံပေး Jing Shi ဥပဒေကုမ္ပဏီဟာ Cube Entertainment ကို ရည်ညွှန်းကာ စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုလွှာတစ်စောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စာထဲမှာတော့ Jing Shi ဥပဒေကုမ္ပဏီ က ဘာကြောင့် စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုရသလဲဆိုတာ အချက် (၃) ချက်နဲ့ ဖော်ပြထားပါတယ်။

ပထမဆုံးအချက်အနေနဲ့ Cube Entertainment ဟာ Elkie ကြောင့် ရရှိတဲ့ ဝင်ငွေတွေကို သိမ်းဆည်းခဲ့ကြောင်း၊ ဒါပေမဲ့ ဝင်ငွေစာရင်းအတိအကျကို Elkie အား ပြောပြခြင်း မရှိကြောင်း၊ ဒုတိယအချက်ကတော့ Elkie ဟာ စာချုပ်ပါ အချက်အလက်တွေအတိုင်း Cube ဘက်က စီစဉ်တဲ့ အချိန်ဇယားတွေကို အပြည့်အဝဆောင်ရွက်ခဲ့ပေမဲ့ သရုပ်ဆောင်မှုတွေအတွက် ငွေကြေးပေးချေခြင်း မရှိကြောင်း၊

တတိယအချက်ကတော့ Cube မှာ ၂၀၂၀ မှာ စီမံခန့်ခွဲမှု အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး CLC အဖွဲ့ဝင်တွေကို ထောက်ပံ့ပေးတော့မှာ မဟုတ်ဘူးလို့အသိပေးခဲ့ကြောင်း၊ ဒါကြောင့် Elkie ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း Cube ဘက်က ဘယ်လိုအစီအစဉ်မှ မရှိခဲ့ကြောင်း Jing Shi ဥပဒေကုမ္ပဏီ က ထုတ်ပြန်ခဲ့တာပါ။

ဒီကိစ္စတွေအတွက် Elkie ဘက်က အလိုရှိတဲ့ အချက် ၃ ချက်ကိုလည်း Jing Shi ဥပဒေကုမ္ပဏီက ဆက်လက် တောင်းဆိုခဲ့ပါတယ်။ ပထမအချက်အနေနဲ့ စာချုပ်ဖျက်သိမ်းပေးရန်၊ ဒုတိယအချက်အနေနဲ့ ၁၅ ရက်အတွင်း Elkie ရစရာရှိတဲ့ ငွေကြေးတွေကို ပေးဆောင်ရန်၊ တတိယအချက်အနေနဲ့ အဲဒီလိုမှ မဟုတ်ဘူးရင် ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ Jing Shi ဥပဒေကုမ္ပဏ သတိပေးထာပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ ဆုိးရြားလွတဲ့ ဆက္ဆံပံုေတြေၾကာင့္ Cube Entertainment နဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖုိ႔ ေတာင္းဆုိထားတဲ့ CLC အဖြဲ႕၀င္

– – Cube Entertainment ဟာ စာခ်ဳပ္ပါ အလက္အလက္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ဆိုကာ ဥပေဒအႀကံေပးေတြကေန တစ္ဆင့္…..

CLC အဖြဲ႕ဝင္ Elkie ကေတာ့ Cube Entetertainment အေနနဲ႔ စာခ်ဳပ္ပါ အခ်က္အလက္ေတြကို ခ်ိဳးေဖာက္ခဲ့ၿပီး ဆိုး႐ြားစြာ ဆက္ခံခဲ့လို႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေတာင္းဆိုထားပါတယ္။

Elkie ရဲ႕ ဥပေဒေရးရာ အႀကံေပး Jing Shi ဥပေဒကုမၸဏီဟာ Cube Entertainment ကို ရည္ၫႊန္းကာ စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုလႊာတစ္ေစာင္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ စာထဲမွာေတာ့ Jing Shi ဥပေဒကုမၸဏီ က ဘာေၾကာင့္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေတာင္းဆိုရသလဲဆိုတာ အခ်က္ (၃) ခ်က္နဲ႔ ေဖာ္ျပထားပါတယ္။

ပထမဆုံးအခ်က္အေနနဲ႔ Cube Entertainment ဟာ Elkie ေၾကာင့္ ရရွိတဲ့ ဝင္ေငြေတြကို သိမ္းဆည္းခဲ့ေၾကာင္း၊ ဒါေပမဲ့ ဝင္ေငြစာရင္းအတိအက်ကို Elkie အား ေျပာျပျခင္း မရွိေၾကာင္း၊ ဒုတိယအခ်က္ကေတာ့ Elkie ဟာ စာခ်ဳပ္ပါ အခ်က္အလက္ေတြအတိုင္း Cube ဘက္က စီစဥ္တဲ့ အခ်ိန္ဇယားေတြကို အျပည့္အဝေဆာင္႐ြက္ခဲ့ေပမဲ့ သ႐ုပ္ေဆာင္မႈေတြအတြက္ ေငြေၾကးေပးေခ်ျခင္း မရွိေၾကာင္း၊

တတိယအခ်က္ကေတာ့ Cube မွာ ၂၀၂၀ မွာ စီမံခန႔္ခြဲမႈ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ၿပီး CLC အဖြဲ႕ဝင္ေတြကို ေထာက္ပံ့ေပးေတာ့မွာ မဟုတ္ဘူးလို႔အသိေပးခဲ့ေၾကာင္း၊ ဒါေၾကာင့္ Elkie ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီးလည္း Cube ဘက္က ဘယ္လိုအစီအစဥ္မွ မရွိခဲ့ေၾကာင္း Jing Shi ဥပေဒကုမၸဏီ က ထုတ္ျပန္ခဲ့တာပါ။

ဒီကိစၥေတြအတြက္ Elkie ဘက္က အလိုရွိတဲ့ အခ်က္ ၃ ခ်က္ကိုလည္း Jing Shi ဥပေဒကုမၸဏီက ဆက္လက္ ေတာင္းဆိုခဲ့ပါတယ္။ ပထမအခ်က္အေနနဲ႔ စာခ်ဳပ္ဖ်က္သိမ္းေပးရန္၊ ဒုတိယအခ်က္အေနနဲ႔ ၁၅ ရက္အတြင္း Elkie ရစရာရွိတဲ့ ေငြေၾကးေတြကို ေပးေဆာင္ရန္၊ တတိယအခ်က္အေနနဲ႔ အဲဒီလိုမွ မဟုတ္ဘူးရင္ ဥပေဒေၾကာင္းအရ ရင္ဆိုင္သြားမယ္လို႔ Jing Shi ဥပေဒကုမၸဏ သတိေပးထာပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page