K pop

■ ဒီလောက်အထိ ပြုစားပြမှတော့ ARMY တွေက မကြွေဘဲ နေမလား Kim Tae Hyung ရယ်

-UNICODE

– – -2020 KBS Gayo Daechukje က V ရဲ့ နောက်ဆုံးပေါ် ပြုစားမှုကို ARMY တွေ…..

BTS အဖွဲ့ဝင် V ဟာ အမြဲတမ်း ချစ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ ARMY တွေကို ဖမ်းစားလေ့ရှိသူတစ်ယောက်ပါ။

2020 KBS Gayo Daechukje ရဲ့ Red Carpet မှာလည်း V ဟာ ARMY တွေကို ချစ်စရာကောင်းတဲ့ အပြုအမူနဲ့ ထပ်မံပြုစားခဲ့တာ တွေ့ရပါတယ်။ အဲဒီပွဲမှာ Host က V ကို “မင်းက ဒီဇင်ဘာလမှာ မွေးတာလို့ ကြားရပါတယ်။ ARMY တွေကို တစ်ခုခုပြောပေးပါဦး”လို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီမှာ V က ဒီဇင်ဘာလထဲမှာ Jin လည်း မွေးတာဖြစ်ကြောင်း၊ သူက ကိုယ်စားပြုပြီး ပြောပေးမယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက် V က ရိုးရိုးရှင်းရှင်းနဲ့ အထိရောက်ဆုံး စကားဖြစ်တဲ့ “ARMY တွေရေ..အရမ်းလွမ်းတယ်’လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် BTS အဖွဲ့ဝင်တွေက လက်ပြနှုတ်ဆက်နေချိန်မှာတော့ V က ကင်မရာနားအထိသွားပြီး ARMY တွေကို peace sign ပုံစံ လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ V ရဲ့ ဒီအပြုအမူနဲ့ ပတ်သက်ပြီး ARMY တွေကတော့ ကြွေခဲ့ရပြီး အချစ်ပိုခဲ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI







Ref: Koreaboo


You cannot copy content of this page