K pop

■ Kai အတွက် အရေးအကြီးဆုံးအရာ

— – – EXO အဖွဲ့ဝင် Kai က သူ့အတွက် အရေးအကြီးဆုံးအရာ(၃)ခုကို အစဉ်လိုက် ပြောပြခဲ့တာပါ။

Kai ဟာ EXO အဖွဲ့သာမက SuperM အဖွဲ့နဲ့ပါ အောင်မြင်သူဖြစ်ပြီး တစ်ကိုယ်တော်အဖြစ် ပွဲထွက်ခဲ့ရာမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဖက်ရှင်လောကမှာ အောင်မြင်သူဖြစ်ပြီး အနုပညာလျှောက်လှမ်းအပေါ် ဖြတ်သန်းလာတာလည်း သိပ်မကြာခင်မှာ လေ့ကျင့်တဲ့ကာလတွေကိုပါ ထည့်တွက်မယ်ဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။

ကျော်ကြားတဲ့ Cele ဘဝမှာ Kai အနေနဲ့ မထင်မှတ်ထားတာတွေ ရရှိခဲ့တာတွေ ရှိသလို၊ တစ်ဖက်မှာလည်း ကျော်ကြားမှုကြောင့် ဆုံးရှုံးလိုက်ရတဲ့ အရာတွေ ရှိပါတယ်။ အခုအချိန်မှာ Kai အတွက် အရေးအကြီးဆုံးအရာ (၃)ခုကတော့ …

Kai က “ကျွန်တော့်အတွက် အရေးအကြီးဆုံး ပထမဆုံးအရာက ကျွန်တော် ကိုယ်တိုင်ဖြစ်ပါတယ်။ ကျွန်တော် ပျော်ရွှင်ရပါမယ်။ ပြီးတော့ ကျွန်တော့်မိသားစုပါ။ အလုပ်ကတော့ တတိယပေါ့ဗျာ”လို့ ဆိုခဲ့ပါတယ်။

Kai က သူ့အနေနဲ့ ငယ်စဉ်တုန်းက အောင်မြင်ကျော်ကြားဖို့အတွက် အားကုန်ထုတ်ရုန်းကန်ခဲ့ရတာကြောင့် သာမန်လူငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို မရခဲ့ကြောင်းနဲ့ အဲဒီအတွက် နောင်တရမိကြောင်းလည်း ပြောကြားလေ့ရှိပါတယ်။

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page