K pop

■ ၂၀၂၀ မှာ K-Pop ကို ပိုပြီးတောက်ပအောင် လုပ်ပေးနိုင်ခဲ့တဲ့ အဖွဲ့ (၄) ဖွဲ့

— – – ကိုဗစ်ကြောင့် ၂၀၂၀ ဟာ ဆိုးရွားခဲ့ပေမဲ့ သူတို့ကတော့ K-Pop ကို အရောင်တင်ပေးနိုင်ခဲ့ …

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်ဟာ ဘော်ဒါတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်ဖို့ အခွင့်မပေးတဲ့အထိ ဆိုးရွားခဲ့တာပါ။ ဒါပေမဲ့ ဒီအနေအထားမှာပဲ တောက်ပခဲ့တဲ့ K-Pop အဖွဲ့တွေ ရှိပါတယ်။

၂၀၂၀ မှာ K-Pop ကို တောက်ပအောင် ပြုလုပ်ပေးခဲ့တဲ့အဖွဲ့အကြောင်း ပြောမယ်ဆိုရင် BTS နဲ့ BLACKPINK အဖွဲ့တွေကို နံပါတ်(၁) နေရာမှာ ထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ၂၀၂၀ မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့လို့ပါပဲ။

BTS အဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း Album (၂) ချပ်ထုတ်ဝေခဲ့ပြီး Map of the Soul: 7 က သမိုင်းတစ်လျှောက် ရောင်းအား အကောင်းဆုံးအဖြစ် (4.35)သန်းနဲ့ စံချိန်တင်ခဲ့သလို၊ BE ကလည်း (2.65)သန်း ရောင်းချခဲ့ရပါတယ်။ ဒါ့အပြင် Hot 100 မှာ နံပါတ်(၁) အဖြစ် ရပ်တည်မှုနဲ့ Grammy ဆန်ခါတင်ဝင်ခဲ့တာတွေက မဖြစ်မနေ ချီးကျူးရမယ် အချက်ဖြစ်ပါတယ်။

ကမ္ဘာမီဒီယာတွေ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးအမျိုးသမီးအဖွဲ့အဖြစ် တင်စားကြတဲ့ BLACKPINK အဖွဲ့ဟာလည်း ၂၀၂၀ မှာ အမြင့်ဆုံးရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ The Album ဟာ (1.22)သန်းအထိ ရောင်းချခဲ့ရပြီး အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ ပထမဆုံး သန်းကျော်တဲ့ Album ဖြစ်လာခဲ့သလို၊ ကမ္ဘာ့ Music Chart တွေမှာ သူတို့ရဲ့ စိုးမိုးမှုက အံ့သြစရာပါ။

နောက်တစ်ဖွဲ့ကတော့ SEVENTEEN ဖြစ်ပြီး သူတို့ရဲ့ Heng:garae က (1.37)သန်း၊ Semicolon က (1.12)သန်းအထိ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ NCT အဖွဲ့ရဲ့ Resonance Pt.1 Album ကလည်း အချပ်ရေ (1.28)သန်းအထိ ရောင်းချခဲ့ရပြီး ဒီနှစ်မှာ သန်းကျော်ရောင်းရတဲ့ (၄)ဖွဲ့မြောက် ဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ K-Pop “Top 400” albums ရောင်းချရမှုဟာ (24.6) သန်းသာ ရှိခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ K-Pop “Top 400” albums ရောင်းအားဟာ (38.58)သန်းအထိ ရှိခဲ့တာပါ။

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page