K pop

■ ၂၀၂၀ ထုတ် အဆိုးဆုံးသီချင်း (၅)ပုဒ်ထဲမှာ BTS နဲ့ BLACKPINK အံ့အားသင့်ဖွယ် ပါဝင်

— – – New York Post က ၂၀၂၀ ထုတ် အဆိုးဆုံးသီချင်း (၅)ပုဒ်ကို ထုတ်ပြန်ရာမှာ BTS နဲ့ BLACKPINK သီချင်းတွေ ပါဝင်ခဲ့ပြီး အဲဒီသီချင်းတွေကတော့ …

အမေရိကန်နာမည်ကျော် New York Post ဝက်ဘ်ဆိုက်က ၂၀၂၀ ထုတ် အဆိုးဆုံးသီချင်း (၅)ပုဒ်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ၂၀၂၀ အတွင်း အရမ်းကို အောင်မြင်ခဲ့တဲ့ BTS နဲ့ BLACKPINK အဖွဲ့တို့ရဲ့ သီချင်း (၁) ပုဒ်စီ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။

New York Post ဟာ BTS အဖွဲ့ရဲ့ BE Album က “Dis-ease” သီချင်းကို ၂၀၂၀ ထုတ် အဆိုးဆုံးသီချင်းအဖြစ် နံပါတ် (၂) နေရာမှာ ရွေးချယ်ခဲ့ပါတယ်။

အဲဒီသီချင်းနဲ့ ပတ်သက်ပြီး New York Post က BTS အဖွဲ့ဟာ TIME က ရွေးချယ်တဲ့ 2020 Entertainer of the Year ကို ရရှိခဲ့ပေမဲ့ သူတို့ရဲ့ သီချင်း “Dis-ease” ကတော့ သူတို့ရဲ့ ကျော်ကြားမှုနဲ့ မလိုက်အောင် ညံ့ဖျင်းတယ်လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ပါတယ်။

အဲဒီလိုပဲ ၂၀၂၀ အတွင်း အမျိုးသမီးအဆိုတော်အဖွဲ့တွေထဲမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ Cardi B နဲ့အတူ သီဆိုတာထးတဲ့ “Bet You Wanna” သီချင်းကို New York Post က ၂၀၂၀ ထုတ် အဆိုးဆုံးသီချင်းအဖြစ် နံပါတ် (၃) နေရာမှာ ရွေးချယ်ခဲ့တာပါ။

New York Post ကတော့ အဲဒီသီချင်းဟာ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ BLACKPINK နဲ့ Cardi B တို့ ပူးပေါင်းသီဆိုထားပေမဲ့ လုံးဝစိတ်ကျေနပ်စရာ မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

New York Post က ရွေးချယ်ခဲ့တဲ့ ၂၀၂၀ ထုတ် အဆိုးဆုံးသီချင်း (၅) ပုဒ်ထဲမှာ ပါဝင်ခဲ့တဲ့ တခြားသီချင်းတွေကတော့ Iggy Pop – “Dirty Little Virus” (၁)၊ Lady Gaga & Elton John – “Sine from Above” (၄) နဲ့ Wyld Stallyns featuring Animals as Leaders & Christian Scott aTunde Adjuah – “Face the Music” (၅) တို့ ဖြစ်ပါတယ်။

— ဃဲ
Ref: Nypost & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page