K pop

■ GOT7 Jinyoung အကြိုက်ဆုံး K-Drama

— – – GOT7 အဖွဲ့ဝင် Jinyoung က သူ အကြိုက်ဆုံး K-Drama ကို ဖွင့်ဟခဲ့ပြီး … ရယ်ခဲ့ …

GOT7 အဖွဲ့ဝင် Jinyoung ဟာ သိပ်မကြာခင်က V Live Boardcast တစ်ခု ပြုလုပ်ခဲ့ပြီး ပရိသတ်တွေနဲ့ ခင်ခင်မင်မင် စကားတွေ ပြောဆိုခဲ့ကြသလို၊ ဟာသတွေလည်း လုပ်ပြခဲ့လို့ အတော်လေးကို ပွဲစည်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ V Live Boardcast မှာ ပရိသတ်တွေက Jinyoung ကို အကြိုက်ဆုံး K-Drama က ဘာများဖြစ်မလဲလို့ မေးမြန်းခဲ့ရာမှာတော့ သူ့မှာ အဖြေက ကြိုရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။

သူက “When My Love Blooms ပေါ့ဗျာ”လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲက သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး အဲဒီအဖြေကို ပြောပြီးနောက်မှာ တောင်းပန်ပါတယ်လို့ Jinyoung က ပြန်ပြောခဲ့ပါတယ်။

ဆက်ပြီးတော့ Jinyoung ဟာ အဲဒီမေးခွန်းကို ပြန်စဉ်းစားတဲ့ပုံစံမျိုး ပြုလုပ်ခဲ့ပြီး “Devil Judge လည်း ဖြစ်နိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၂၁ မှာ ထုတ်မဲ့ Devil Judge ဇာတ်လမ်းတွဲမှာလည်း Jinyoung က သရုပ်ဆောင်အဖြစ် ပါဝင်မှာပါ။

အဲဒီနောက်မှာတော့ Jinyoung ဟာ ပထမဆုံးပြောခဲ့သလိုပဲ ပရိသတ်တွေကို ပြန်တောင်းပန်ခဲ့ပြီး ရယ်မောခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page