K pop

■ တစ်ခါတည်းပါကွာ

— – – BTS အဖွဲ့ဝင်တွေကို မိခင်တစ်ယောက်လို ဆူပူလေ့ရှိတဲ့ Jin တစ်ယောက် သူ့အလှည့်မှာတော့ …

ARMY တွေက BTS အဖွဲ့ကို မိသားစုအဖြစ် စိတ်ကူးကြည့်တဲ့အခါ RM ကို ဖခင်နေရာထားပြီး Jin ကို မိခင်နေရာ ထားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Jin ဟာ အဖွဲ့ဝင်တွေကို ပွစီပွစီနဲ့ ဆူပူလေ့ရှိတာကြောင့်ပါပဲ။

KBS Cool FM Changmin ရဲ့ Gayo Plaza အစီအစဉ်မှာ BTS အဖွဲ့ ပါဝင်ခဲ့တုန်းက သူတို့အဖွဲ့မှာ အဆူပူနိုင်ဆုံးအဖွဲ့ဝင်က အသက်အကြီးဆုံးအဖွဲ့ဝင် Jin ဖြစ်ကြောင်း အဖွဲ့ဝင်တွေက ပြောဆိုခဲ့ကြပါတယ်။

အဲဒီနောက်မှာ Jin က BTS အဖွဲ့ဝင်တွေကို သူ့အနေနဲ့ အဆူပူရဆုံးအကြောင်းအရာနဲ့ ပတ်သက်ပြီး “Dorm မှာ အဖွဲ့ဝင်တွေ Face Mask တပ်ခဲ့အခါ၊ ဒါမှမဟုတ် အစားအသောက် စားတဲ့အခါ ပြီးတာနဲ့ ချက်ချင်း သန့်ရှင်းရေး လုပ်ရမယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့မှာ တစ်ဝက်လောက်က အဲဒါတွေ လုပ်ပြီးရင် သန့်ရှင်းရေး မလုပ်ကြပါဘူး။ ဒီတော့ ကျွန်တော် အဲဒါတွေနဲ့ ပတ်သက်ရင် သူတို့ကို အဆူရဆုံးပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီစကားကို ကြားတဲ့အခါမှာတော့ Jimin က “Jin Hyung လည်း အဲဒါတွေ လုပ်ပြီးရင် သန့်ရှင်းရေး မလုပ်ပါဘူး။ ဒါက ကိုယ်တွေ့ပါ”လို့ Complaint တက်ခဲ့ပြီး RM ကလည်း သူလည်း မြင်ဖူးကြောင်း ဆိုခဲ့ပါတယ်။

Jimin နဲ့ RM တို့ရဲ့ Complaint ကို ကြားပြီးနောက်မှာတော့ Jin က “သိပ်မကြာခင်က တစ်ခါတည်းပါကွာ။ မင်းတို့ကလည်း”ဆိုပြီး သူ့ကိုယ်သူ ကာကွယ်ခဲ့တာကြောင့် ပရိသတ်တွေ ပွဲကျခဲ့ကြပါတယ်။

— ဃဲ
Ref: Gayo Plaza & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page