K pop

■ Park Bom အပေါ် မန်နေဂျာဖြစ်သူရဲ့ ဆက်ဆံပုံနဲ့ပတ်သက်ပြီး ပရိသတ်များ ဒေါသထွက်

— – – #RespectParkBom ဟာ ရေပန်းစားနေပြီး မန်နေဂျာဖြစ်သူရဲ့ လုပ်ရပ်ဟာ အတော်လေးကို ဆိုးရွားတယ်လို့ …

2NE1 အဖွဲ့ဝင်နဲ့ တစ်ကိုယ်တော်အဆိုတော်တစ်ဦးဖြစ်သူ Park Bom ဟာ ခရစ္စမတ်နေ့က IG Live လွှင့်ပြီး သူမရဲ့ ပရိသတ်တွေနဲ့အတူ ပျော်စရာလေးတွေကို မျှဝေနေခဲ့တာ ဖြစ်ပါတယ်။ Park Bom Live လွှင့်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ Park Bom ရဲ့ မန်နေဂျာဖြစ်သူဟာ Park Bom ရဲ့ အခန်းထဲကို ရောက်လာခဲ့ပြီး သူမရဲ့ ပုံစံက ဒေါသထွက်နေပုံရပါတယ်။

အဲဒီနောက်မှာတော့ မန်နေဂျာဖြစ်သူ အမျိုးသမီးဟာ Park Bom ကို စိုက်ကြည့်ပြီး ဖုန်းခေါ်တာ ဘာလို့ မကိုင်တာလဲဆိုပြီး ဒေါသတကြီး ပြောဆိုခဲ့သလို Live လွှင့်နေတာကို ရပ်လိုက်တော့လည်း ပြောဆိုခဲ့ပါတယ်။

မန်နေဂျာဖြစ်သူ ထွက်သွားပြီးနောက်မှာ ဝမ်းနည်းနေပုံရတဲ့ Park Bom ကို မြင်တွေ့ခဲ့ရပြီး “သူ ဘာကြောင့် ငါ့ကို အပြစ်တင်နေတာလဲ”လို့ ညည်းတွားခဲ့တာပါ။

နောက် သိပ်မကြာခင်မှာပဲ Park Bom ဟာ ဘာမှ မပြောဘဲ Live လွှင့်တာကို ရပ်တန့်ခဲ့ပါတယ်။ အဲဒါတွေကို မြင်ပြီးနောက်မှာတော့ ပရိသတ်တွေဟာ Park Bom အပေါ် မန်နေဂျာဖြစ်သူရဲ့ ဆက်ဆံပုံကို ဒေါသထွက်ခဲ့ပြီး Twitter မှာ #RespectParkBom စာသားရေပန်းစားခဲ့ကာ Park Bom ကို ဂရုစိုက်ဖို့ အေဂျင်စီကို တောင်းဆိုခဲ့ကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page