— VIXX အဖွဲ့ဝင် Ravi နဲ့ Girls’ Generation အဖွဲ့ဝင် Taeyeon တို့ Date နေကြတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပေမယ့် Taeyeon က …
ကိုရီးယားစံတော်ချိန်မနက်ပိုင်းမှာ Joy News ဟာ VIXX အဖွဲ့ဝင် Ravi နဲ့ Girls’ Generation အဖွဲ့ဝင် Taeyeon တို့ Date နေကြတာ တစ်နှစ်လောက်ရှိပြီလို့ ဖော်ပြခဲ့ပါတယ်။ သတင်းစာဟာ VIXX အဖွဲ့ဝင် Ravi နဲ့ Girls’ Generation အဖွဲ့ဝင် Taeyeon တို့ နှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြခဲ့ပြီး Ravi ရဲ့ အိမ်မှာချိန်းတွေ့ခဲ့ကြတာလို့ ဖော်ပြခဲ့တာပါ။
ဒါပေမဲ့ အဆိုပါသတင်းတွေကို သူတို့ရဲ့ အေဂျင်စီတွေဖြစ်တဲ့ SM Entertainment နဲ့ GROOVL1N တို့က အသီးသီးငြင်းဆိုသွားခဲ့သလို ရင်းနှီးတဲ့ဆက်ဆံရေးသာရှိကြတာပါလို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုအခါ Taeyeon ကပါ ပရိသတ်တွေရဲ့ အထင်လွဲမှားမှာမှုကို ငြင်းဆိုခဲ့ပါတယ်။ SM Entertainment က “ သတင်းတွေဟာ အမှန်မဟုတ်ပါဘူး။ Ravi နဲ့ Taeyeon တို့ဟာ Ravi ရဲ့ သီချင်းတစ်ပုဒ်ကို အတူတူလုပ်ကတည်းက ရင်းနှီးခဲ့ကြတာဖြစ်ပြီး စီနီယာ၊ ဂျူနီယာ သူငယ်ချင်း ဆက်ဆံရေးပဲရှိတာပါ။ Dating သတင်းတွေဟာ အမှန်မဟုတ်ပါဘူး” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ 21 ရက်နေ့တုန်းကမှ Taeyeon ဟာ Ravi Host လုပ်တဲ့ Naver Now’s Question Mark မှာပါဝင်ခဲ့တာဖြစ်ပါတယ်။
-m2t
Ref: Koreaboo