K pop

■ ဒီဇင်ဘာလ Singer Brand Reputation Rankings ထွက်ပေါ်လာ

— လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ ဒီဇင်ဘာလ Singer Brand Reputation Rankings တွေထွက်ပေါ် လာခဲ့ပြီဖြစ်ပြီး ဘယ်သူတွေ ထိပ်ဆုံးက ဦးဆောင်ခဲ့သလဲဆိုတာ…

Korean Business Research Institute က ထုတ်ပြန်တဲ့ ဒီဇင်ဘာလ Singer Brand Reputation Rankings မှာတော့ BTS ၊ Trot Singer ဖြစ်တဲ့ Im Young Woong နဲ့ အမျိုးသမီးအဖွဲ့ BLACKPINK တို့က ထိပ်ဆုံးမှာဦးဆောင်ခဲ့ကြပါတယ်။

Korean Business Research Institute ဟာ နိုဝင်ဘာလ 27 ရက်နေ့ကနေ ဒီဇင်ဘာလ 27 ရက် နေ့အထိ တောင်ကိုရီးယားနိုင်ငံရှိ Music Singer တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိ သတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လ အတွင်း လူကြိုက် အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Singer စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Reputation Index (14,129,164,) ရရှိခဲ့ပါတယ်။ BTS ရဲ့ နောက် ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ နာမည်ကြီး Trot အဆို တော် Im Young Woong က Reputation Index (10,573,ԉ) ရရှိခဲ့သလို တတိယနေရာမှာတော့ BLACKPINK အဖွဲ့က Reputation Index (7,999,418) ရရှိခဲ့တာပါ။ နံပါတ် (4)နဲ့ (5)မှာလည်း TWICE၊ Young Tak တို့က ရပ်တည်ခဲ့ကြပါတယ်။

ဒီဇင်ဘာလအတွက် Singer Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

1# BTS ၊ 2# Im Young Woong ၊ 3# BLACKPINK ၊ 4# TWICE ၊ 5# Young Tak ၊ 6# Oh My Girl ၊ 7# IZ*ONE ၊ 8# NCT ၊ 9# IU ၊ 10# SEVENTEEN

11# GFRIEND ၊ 12# MAMAMOO’s Hwasa ၊ 13# Girls’ Generation’s Taeyeon ၊ 14# EXO ၊ 15# Kang Daniel ၊ 16# Lee Seung Gi ၊ 17# Jessi ၊ 18# MAMAMOO ၊ 19# Lee Chan Won ၊ 20# Im Chang Jung

21# Chungha ၊ 22# Red Velvet ၊ 23# Sunmi ၊ 24# ITZY ၊ 25# Red Velvet’s Joy ၊ 26# Jang Beom June ၊ 27# Song Ga In ၊ 28# Jang Min Ho ၊ 29# Jung Dong Won ၊ 30# Baek Yerin

-m2t
Ref: Soompi

You cannot copy content of this page