K pop

■ 2020 Google Worldwide မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့တဲ့ K-pop Idol

—- 2020 Google Worldwide မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့တဲ့ K-pop Idol က ဘယ်သူလို့ ထင်ပါသလဲ…

Kpop Idol Charts ဟာ 2020 ခုနှစ် Google Worldwide မှာ ရှာဖွေမှုအမျာဆုံး K-pop Idol 100 စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ 2020 ခုနှစ် Google Worldwide မှာ ရှာဖွေမှုအမျာဆုံး K-pop Idol သရဖူကို ရရှိသွားတဲ့သူကတော့ BTS အဖွဲ့ဝင် Jungkook ဖြစ်ပါတယ်။

Jungkook ဟာ ပြီးခဲ့တဲ့ 2019 ခုနှစ်ကလည်း Google Worldwide မှာ ရှာဖွေမှုအမျာဆုံး K-pop Idol ဖြစ်ခဲ့တာဖြစ်ပြီး 2020 ခုနှစ်မှာလည်း ထပ်မံရပ်တည်ခဲ့တာဖြစ်ပါတယ်။ Jungkook အပြင် အခြား BTS အဖွဲ့ဝင် (၆)ဦးကလည်း Top 10 စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

2020 ခုနှစ် Google Worldwide မှာ ရှာဖွေမှုအမျာဆုံး K-pop Idol 100 စာရင်းကို Google Trend က စာရင်းအင်းပြုစုတာဖြစ်ပြီး တစ်နှစ်လုံး Google မှာ Idol တွေရဲ့ Stage Name၊ Real Name ၊ Nick Name အားလုံးရှာဖွေမှုကို တွက်ချက်တာဖြစ်ပါတယ်။

Jungkook ဟာ United States, United Kingdom, Canada, Russia, France, Germany, Australia, United Arab Emirates, Saudi Arabia, Brazil, Singapore စတဲ့နိုင်ငံတွေအပါအဝင် ကမ္ဘာအနှံ့ နိုင်ငံအားလုံးရဲ့ Google မှာ ရှာဖွေမှုအများဆုံး K-pop Idol ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page