K pop

■ Lisa မှာ ကြောင် နောက်ထပ်မွေးဖို့ အစီအစဉ်ရှိလား

—- Lisa မှာ ချစ်စရာကောင်းတဲ့ ကြောင် (၄)ကောင်ရှိပြီး နောက်ထပ် မွေးဖို့ အစီအစဉ်ရှိလားဆိုတာ…

Lisa ဟာ ကြောင်အလွန်ချစ်တတ်တဲ့သူဖြစ်ပြီး Leo ၊ Luca ၊ Lily နဲ့ Louis ဆိုတဲ့ ကြောင် ၄ကောင်ကို မွေးမြူထားတာဖြစ်ပါတယ်။

Lisa ဟာ PENSHOPPE နဲ့အင်တာဗျူးမှာ သူမအနေနဲ့ နောက်ထပ် ကြောင်တွေထပ်မွေးဖို့အစီအစဉ်ရှိ လားလို့ မေးမြန်းခံရတာဖြစ်ပါတယ်။

အင်တာဗျူးမှာ အင်တာဗျူးသူ Julian Quintart က Lisa ရဲ့ ကြောင် ၄ ကောင်အမည်တွေကို ရွတ်ပြခဲ့ လို့ Lisa ကိုယ်တိုင်အံ့အားသင့်ခဲ့ပါတယ်။ Julian Quintart က သူ့အနေနဲ့ မင်းရဲ့အင်တာဗျူးကိုအမြဲ တမ်းကြည့်ခဲ့သလို ကြောင်တွေရဲ့နာမည်တွေကလည်း သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေရဲ့ နာမည်နဲ့ဆင်လို့ မှတ်မိနေတာပါလို့ ဆိုခဲ့ပါတယ်။

နောက်တော့ Lisa က သူမမှာ အလွန်ချစ်စရာကောင်းတဲ့ ကြောင် (၄)ကောင်ရှိတယ်လို့ ပြောခဲ့သလို အလွန်ချစ်စရာကောင်းတဲ့ အဝါရောင်ကြောင်လေးတွေကို ရှာဖွေနေတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ် မွေးမိမလား၊ မမွေးတော့ဘူးဆိုတာကိုတော့ ကျိန်းသေမပြောနိုင်ကြောင်းလည်း ပြန်ဖြေခဲ့ ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page