K pop

■ (Breakings!)ပရိသတ်တွေကို စိတ်ရှုပ်ထွေးလာစေတဲ့ Ravi နဲ့ Taeyeon တို့ရဲ့ Dating သတင်း

— Ravi နဲ့ Taeyeon တို့ရဲ့ Dating သတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဘယ်ဟာက အမှန်တ ရားလည်းဆိုတာကို ဝေခွဲမရဖြစ်နေကြ…

 

VIXX အဖွဲ့ဝင် Ravi နဲ့ Girls’ Generation အဖွဲ့ဝင် Taeyeon တို့ Date နေကြတာ တစ်နှစ်လောက် ရှိနေကြပြီဆိုတဲ့ သတင်းဟာ နှစ်ကုန်ခါနီးမှာ ပရိသတ်တွေကို ရှော့ခ်ဖြစ်စေခဲ့ကြပါတယ်။ ဒါပေမဲ့ သ တင်းထွက်ပေါ်လာပြီး မကြာခင်မှာ Ravi ရဲ့ အေဂျင်စီ GROOVL1N နဲ့ Taeyeon ရဲ့အေဂျင်စီ SM Entertainment ဟာ အဆိုပါ သတင်းတွေကို ငြင်းဆိုခဲ့ကြပါတယ်။

SM Entertainment ကဆိုရင် Ravi နဲ့ Taeyeon တို့ဟာ သီချင်းအတူတူလုပ်ရင်း ရင်းနှီးကြတဲ့ စီနီယာ၊ ဂျူနီယာသူငယ်ချင်းကောင်းတွေဖြစ်သလို Dating သတင်းတွေဟာ မမှန်ကန်ပါဘူးလို့ တရား ဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သတင်းတွေ နောက်ဆက်တွဲထွက်ပေါ်လာခဲ့လို့ ပရိသတ်တွေဟာ Dating သတင်းမဟုတ်ဘူးလို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုအခါ နောက်ဆက်တွဲသတင်းအနေနဲ့ Ravi နဲ့ Taeyeon တို့ Dating သတင်းကို Ravi ရဲ့ Aquaintance က အတည်ပြုခဲ့ပါတယ်။ Ravi ရဲ့ Aquaintance ဟာ အေဂျင်စီက ငြင်းနေပေမယ့် အတည်ပြုခဲ့တာကြောင့် ပရိသတ်တွေ ဝေခွဲမရဖြစ်လာတာဖြစ်ပါတယ်။

“ Dating သတင်းဟာ အမှန်ပဲဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ကောလာဟလဆိုတဲ့ သတင်းတွေကို ပြန် ပြင်ဆင်ပေးကြပါ။ ဒါမှသာ သူတို့နှစ်ဦးဟာ ရှေ့ဆက်ပြီး သက်သောင့်သက်သာနဲ့ Date နိုင်မှာဖြစ်ပါ တယ်” လို့ Ravi ရဲ့ Aquaintance က ထုတ်ပြန်ခဲ့ပါတယ်။

အေဂျင်စီတွေအားလုံးက ငြင်းနေကြပေမယ့် Ravi ရဲ့ Aquaintance က အတည်ပြုခဲ့တာကြောင့် သူတို့ရဲ့ Dating သတင်းဟာ မှန်လား၊ မှားလားဆိုတာ ပရိသတ်တွေ ဝေခွဲမရဖြစ်နေကြပြီး Up To Date အတည်ပြုမှုတွေကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page