Celebrity

■ Jungkook ရဲ့ Fangirl ဖြစ်တဲ့ နာမည်ကျော်မင်းသမီး Kim Hee Sun

—- မြန်မာပြည်က ပရိသတ်တွေ စသိခဲ့တဲ့ လီဟန်နီ (သို့) မင်းသမီး Kim Hee Sun ဟာ BTS အဖွဲ့ဝင် Jungkook ရဲ့ Fangirl တစ်ဦးဖြစ်ပါတယ်။

ဒီဇင်ဘာလ 26 ရက်နေ့က Kim Hee Sun ဟာ သူမရဲ့ Instagram နဲ့ Dispatch’s YouTube Channel မှာ Jungkook ရဲ့ Fangirl ဖြစ်တဲ့ အခိုက်အတန့်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

သူမရဲ့ Instagram အကောင့်ပေါ်မှာ Kim Hee Sun ဟာ Jungkook ရဲ့ Photobook Cover ကို ကိုင်ထားပြီး ရိုက်ထားတဲ့ဓါတ်ပုံကို တင်ခဲ့တာပါ။ Caption မှာလည်း “ နှောင်းသော ခရစ္စမတ်လက် ဆောင်ပေါ့။ Jungkook ရဲ့ အလှဓါတ်ပုံတွေကို ကျွန်မရရှိခဲ့ပြီး တကယ်နှစ်သက်ပါတယ်။ #Christmaspresent #Dicon #unboxing #BTS #Doe-eyed #upliftingpicture #kpop” ဆိုပြီးတော့လည်း ရေးသားခဲ့တာပါ။

Dispatch’s YouTube Channel ရဲ့ Unboxing ဗီဒီယိုထဲမှာတော့ Kim Hee Sun ဟာ “ Jungkook ဟာ အရမ်းမိုက်ပါတယ်။ အရမ်းကိုကြည့်ကောင်းပြီး Pictorial ထဲမှာတော့ မတူညီတဲ့ပုံရိပ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်မဟာ သူ့ရဲ့ Big Fan ပါ။ Jungkook မှာ လှပဆုံးမျက်လုံး တွေရှိတယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်ဝန်းတွေကို နှစ်သက်ပါတယ်” လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page