K pop

■ ပရိသတ်ဆီက Suga ထီးလက်ဆောင်ရခဲ့တဲ့ အကြောင်း

—- ပရိသတ်တစ်ဦးဆီက Suga ထီးလက်ဆောင်ရရှိခဲ့တဲ့အကြောင်းကို သိချင်ရင်…

အဆိုပါအကြောင်းအရာဟာ ကြာတာတော့ကြာနေပြီဖြစ်ပေမယ့် BTS အဖွဲ့ဝင်တွေ Cultwo Show အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်တုန်းက စိတ်ဝင်စားစရာကောင်းတဲ့ Story ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Show ကို Suga နဲ့ ကိုယ်တိုင်တွေ့ခဲ့ပြီး ထီးလက်ဆောင်ပေးခဲ့တဲ့ ပရိသတ်က စာပို့ပေးခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်မ မိုးရွာတဲ့တစ်နေ့ မက်ဂေါလီ(ဆန်အရက်)ဝယ်ဖို့ သွားခဲ့ပါတယ်။ အဲဒီအခါ လမ်းပေါ်မှာ Suga ကို မမျှော်လင့်ဘဲ တွေ့ခဲ့တာပါ။ သူဟာ ဦးထုပ်ပဲဆောင်းထားပြီး ထီးလည်းမပါပါဘူး။ ဒါကြောင့် သူ့ ဆီပြေးသွားပြီး ကျွန်မရဲ့ ထီးပေးလိုက်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မ သူ့ကို ထီးပေးလိုက်တဲ့ အခါမှာ မိုးကလည်း တိတ်သွားခဲ့ပါတယ်။

ကျွန်မလည်း ထီးပေးပြီးတော့ Suga စိတ်မသက်မသာဖြစ်မှာမို့လို့ အခြားလမ်းကို ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ Suga နဲ့ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီအခါ သူဟာ မိုးမရွာတာတောင်မှ ကျွန်မရဲ့ ထီးကို လက်နဲ့ဆွဲ ထားခဲ့ပါတယ်။ ကျွန်မ ခံစားလိုက်ရပါတယ်။ မိုးလည်းမရွာတော့ဘဲ ထီးမပေးလိုက်သင့်ဘူးထင်လိုက် လို့ပါ။ ဘာလို့လည်း Suga က အပိုသယ်နေရတာကို စိတ်က မသက်သာဖြစ်မိတာပါ” လို့ စာရေးသား ပြီး ပို့ပေးခဲ့တာပါ။

အဲဒီအခါ Suga က သူဟာ အပြင်ထွက်ခဲတဲ့သူဖြစ်တာကြောင့် ပရိသတ်တစ်ဦးနဲ့ ဆုံတွေ့တဲ့ အဲဒီ အဖြစ်အပျက်ကို မှတ်မိပါတယ်လို့ ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ဘာလို့ အပြင်ထွက်တာလဲဆိုတာ စတူဒီယိုမှာ တစ်စုံတစ်ခုဖြတ်စရာရှိလို့ Hardware စတိုင်းဆိုင်သွားတာပါလို့ ပြောခဲ့ပါတယ်။ နောက်ပြီး အဲဒီပရိသတ်ပေးတဲ့ ထီးလည်း ရှိသေးလို့ Host ဖြစ်သူက မေးတဲ့အခါ စတူဒီယိုမှာရှိနေ မယ်ထင်တယ်လို့ Suga က ပြန်ဖြေခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page