K pop

■ နားဆင်သူတွေကို မျက်ရည်ပေါက်ပေါက်ကျစေတဲ့ သီချင်းတစ်ပုဒ်

— – – သီချင်းတစ်ပုဒ်က ကိုယ့်ကို မျက်ရည်ကျစေတယ်ဆိုတာ မယုံနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီသီချင်းနဲ့ Performance ကို ကြည့်လိုက်ပြီးနောက်မှာတော့ …

“ငါနဲ့ လူ(၅)ယောက်ရဲ့ အနာဂတ်ကို လောင်းကြေးထပ်ထားတယ်။ ဘုရားသခင်က မေးတယ်။ မင်း နောင်တမရဘူးတဲ့။ တုံ့ဆိုင်းခြင်းမရှိဘဲ ကျွန်တော် ပြန်ဖြေလိုက်တယ်။ ကျွန်တော် ဘာလို့ …

၂၀၁၃ မှာ YG Entertainment က WINNER ဆိုတဲ့အမည်နဲ့ အမျိုးသားအဖွဲ့တစ်ဖွဲ့ ပွဲထုတ်ဖို့ WIN: Who is Next? ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ (၅)လကြာမြင့်တဲ့ အဲဒီပြိုင်ပွဲမှာ YG Trainee (၁၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Team A မှာ WINNER ဖြစ်လာမယ့် အဖွဲ့ဝင် (၅)ဦးနဲ့ Team B မှာ iKON ဖြစ်လာမယ့် အဖွဲ့ဝင် (၆)ဦး ပါဝင်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို WIN: Who is Next? ကြည့်ဖူးသူတွေ သိကြမှာဖြစ်ပြီး မကြည့်ရသေးသူတွေကို အလွန်ကောင်းလို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီမှာ နောက်ဆုံးပြိုင်ပွဲမှာ Team B(iKON ဖြစ်လာမယ့် အဖွဲ့) ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းအကြောင်းကို ပြောချင်တာပါ။

Team B ဟာ နောက်ဆုံးပြိုင်ပွဲမှာ Climax လို့ အမည်ပေးထားတဲ့ သီချင်းကို ယှဉ်ပြိုင်ခဲ့တာပါ။ Bobby ရဲ့ အဖွင့်ပိုဒ်က “မနေ့က ကျွန်တော့်အိပ်မက်ထဲမှာ အမေ့ကို တွေ့ခဲ့တယ်။ အရင်လို မဟုတ်ဘဲ အမေ အိုသွားလိုက်တာဗျာ။ ကျွန်တော် အမေ့ကိုတောင် မမှတ်မိချင်ဘူး။ အိပ်ယာက နိုးလာတော့ အဲဒီအိပ်မက် တကယ်ဖြစ်နေမှာကို ကျွန်တော် အရမ်းကြောက်နေတယ်။ ကျွန်တော် အမေ့ကို ထားပြီး မထွက်လာခင်တုန်းက အမေ့ကို ဖက်ပြီး ကျွန်တော် အိမ်တစ်လုံးဆောက်ပြီး အမေ့ကို စောင့်နေမယ်လို့ ကတိပေးခဲ့တယ်။

ဘာလို့ အမေ အိုသွားရတာလဲ။ ပိုပြီး လှလာရမှာလေဗျာ။ ကျွန်တော် မမှတ်မိအောင်ကို အမေ လှနေရမှာလေ။ အမေ သိပ်ရက်စက်တယ် အမေ။ ကျွန်တော် အမေ့ကို သေလောက်အောင် တွေ့ချင်ပေမဲ့ ကျွန်တော် ဘာမှ မလုပ်နိုင်ဘူး အမေ။ ဒါပေမဲ့ ကျွန်တော် ဘယ်ကိုပဲ ရောက်နေရောက်နေ အမေက ကျွန်တော့်ရဲ့ ဂုဏ်ပါပဲ” (Trainee ဘဝမှ မိသားစုနဲ့ ခွဲခွာရတာကို ဖော်ပြထားတဲ့ စာသားတွေ ဖြစ်ပါတယ်)

B.I ရဲ့ Rap အပိုဒ်မှာလည်း “ပြီးခဲ့တဲ့ (၃)နှစ်က မိသားစုနဲ့ သူငယ်ချင်းတွေ နှုတ်ဆက်၊ ငယ်ရွယ်မှုတွေကို ဆုံးရှုံးခံပြီး ခြေဗလာနဲ့ ကျွန်တော် မနားတမ်းလျှောက်ခဲ့တယ်။ နောက်ဘာဖြစ်မယ်ဆိုတာကို မသိဘဲ နေ့တိုင်းကို သောကတွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်။ ဒါပေမဲ့ အမေ့ကို ကျွန်တော် ယုံကြည်ပါ အမေ။ ကျွန်တော် အောင်မြင်မှာပါလို့ ကတိပေးခဲ့တယ်။

ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အခွင့်အရေးအတွက် ဘာမှ မသိဘဲ လျှောက်နေတဲ့ တခြားလူ (၅)ယောက်ရဲ့ အနာဂတ်ကိုပါ ကျွန်တော် သယ်ထားရတယ်။ ဖိအားတွေနဲ့ ကျဆုံးမှုတွေကို ရင်ဆိုင်ဖို့ကလွဲလို့ ကျွန်တော့်မှ ရွေးချယ်စရာ မရှိခဲ့ဘူး။ အခု ကျွန်တော် အောင်မြင်ချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ (၆)ယောက်ရဲ့ အနာဂတ်ကို 6လာင်းကြေးထပ်လိုက်တယ်။ (ဆက်လုပ် B.I)

ဘုရားသခင်က ကျွန်တော့်ကို မေးတယ်။ မင်း နောင်တမရဘူးလားတဲ့။ ကျွန်တော် ချက်ချင်းပဲ ပြန်ဖြေတယ်လိုက်တယ်။ ဘာလို့ နောင်တရရမှာလဲ။ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ကျွန်တော် 6လာင်းကြေးထပ်လိုက်ပြီ။ နောက်တစ်ကြိမ်ဆိုတာ မရှိပါဘူး”

အဲဒီနောက်မှာ Chorus ပိုဒ်က လွှင့်လာတဲ့ စာသားက “ဒီနေ့ ကျွန်တော့်အတွက် နောက်ဆုံးနေ့ဆိုရင်တောင် ကျွန်တော် သီချင်းတွေ ဆက်ဆိုနေမယ်။ ဒါကြောင့် ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော် သီချင်း ဆက်ဆိုနေမှာပါ။ ဒီညတော့ ကျွန်တော်တို့ ပျံသန်းမယ် ….

ဒီမှာ ဖော်ပြထားတာက သီချင်းစာသားတချို့တဝက်ပဲ ရှိပါတယ်။ နောက်က ဗီဒီယိုမှာ Eng Sub နဲ့ ဖော်ပြထားတာကြောင့် သီချင်းနဲ့ ဖျော်ဖြေမှုကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။

ဂီတက နားဆင်သူတွေကို မျက်ရည်ပေါက်ပေါက် ကျစေတယ်ဆိုတာ ဒီသီချင်းနဲ့ သူတို့ရဲ့ Perforamance က သက်သေပြပါလိမ့်မယ်။ အာမခံပါတယ်။ ဒီသီချင်း နားထောင်လိုက်လို့ လုံး၀ နောင်တမရစေပါဘူးဆိုတာကိုပေါ့။

— ဃဲ
Ref & Photos: WIN: Who is Next?

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page