K pop

■ EXO အဖွဲ့ဝင် Xiumin,Suho, Chanyeol တို့ရဲ့ လျှို့ဝှက်ချက်

-UNICODE

– – – EXO အဖွဲ့ဝင် (၃) ယောက်ရဲ့ ထူးခြားတဲ့ အမူအကျင့်တချို့ကို မြင်တွေ့ရမှာဖြစ်ပြီး…..

EXO အဖွဲ့ဝင်တွေရဲ့ လျှို့ဝှက်ချက်တွေကို မန်နေဂျာဖြစ်သူက ဖွင့်ဟခဲ့ရာမှာတော့ အောက်ပါအတိုင်း သူတို့ရဲ့ပုံစံလေးတွေကလည်း ထူးခြားပြီး ချစ်စရာကောင်းတာကို တွေ့ရမှာပါ။

Xiumin

Xiuminက ဘယ်သူ့မှ အသိမပေးရင်တောင် ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်တဲ့သူမျိုးပါ။ အင်တာနက်ပေါ်က ဓာတ်ပုံတွေပေါ်မှာလည်း Xiumin တစ်ယောက် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်စရာကောင်းနေတာကို တွေ့မြင်ရမှာပါ။ အဲဒီလို သူက လေ့ကျင့်ခန်းတွေပြုလုပ်ပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းတတ်တဲ့သူမျိုးဗျ။ နောက်ပြီး Xiuminက ဝန်ထမ်းတွေ၊ မန်နေဂျာတွေကိုလည်း လေးလေးစားစား ဆက်ဆံတဲ့သူမျိုးပါ။ Xiumin ဆီမှာ အဲဒီအမူအကျင့်တွေ ပျောက်ကွယ်မသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

– Suho

Suhoကတော့ မန်ဘာဝင်တွေအပေါ်မှာ အမေတစ်ယောက်လိုပါပဲ။ သူက မန်ဘာဝင်တွေကို အမြဲတမ်းဆုံးမတတ်လေ့ရှိပါတယ်။ တစ်ခါတစ်လေဆို မန်ဘာတွေက ဆုံးမတာတွေရပ်ဖို့ ပြန်ပြီးတားယူရတဲ့အထိပါပဲ။ သူက အဖွဲ့ဝင်တွေ စိတ်ညစ်စရာတွေကြုံရင် နွေးနွေးထွေးထွေး နှစ်သိမ့်ပေးတတ်တဲ့သူမျိုးပါ။

– Chanyeol

Chanyeol က မျက်လုံးဖွင့်ပြီး အိပ်တတ်တဲ့သူပါ။ ဒါကတော့ နည်းနည်းတော့ ကျောချမ်းချင်စရာပါပဲ။ တစ်ခါက သူက ဒီအတိုင်း မျက်လုံးကြီးဖွင့်ပြီး ထိုင်နေတော့ ကျွန်တော်က စကားသွားပြောမိတယ်။ ဒါပေမဲ့ သူက ဘာမှပြန်မပြောဘူး။ အဲဒါကြောင့် နီးနီးကပ်ကပ် ကြည့်လိုက်မိတော့မှ သူအိပ်နေမှန်း သိလိုက်ရတာပါ။

– Chi Ko
Ref: Koreaboo & Photos Credit.

-ZAWGYI

– – – EXO အဖြဲ႕ဝင္ (၃) ေယာက္ရဲ႕ ထူးျခားတဲ့ အမူအက်င့္တခ်ိဳ႕ကို ျမင္ေတြ႕ရမွာျဖစ္ၿပီး…..

EXO အဖြဲ႕ဝင္ေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို မန္ေနဂ်ာျဖစ္သူက ဖြင့္ဟခဲ့ရာမွာေတာ့ ေအာက္ပါအတိုင္း သူတို႔ရဲ႕ပုံစံေလးေတြကလည္း ထူးျခားၿပီး ခ်စ္စရာေကာင္းတာကို ေတြ႕ရမွာပါ။

Xiumin

Xiuminက ဘယ္သူ႔မွ အသိမေပးရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ အရမ္းဂ႐ုစိုက္တဲ့သူမ်ိဳးပါ။ အင္တာနက္ေပၚက ဓာတ္ပုံေတြေပၚမွာလည္း Xiumin တစ္ေယာက္ ျပည့္ျပည့္ၿဖိဳးၿဖိဳးနဲ႔ ခ်စ္စရာေကာင္းေနတာကို ေတြ႕ျမင္ရမွာပါ။ အဲဒီလို သူက ေလ့က်င့္ခန္းေတြျပဳလုပ္ၿပီး ကိုယ့္ကိုကိုယ္ ထိန္းသိမ္းတတ္တဲ့သူမ်ိဳးဗ်။ ေနာက္ၿပီး Xiuminက ဝန္ထမ္းေတြ၊ မန္ေနဂ်ာေတြကိုလည္း ေလးေလးစားစား ဆက္ဆံတဲ့သူမ်ိဳးပါ။ Xiumin ဆီမွာ အဲဒီအမူအက်င့္ေတြ ေပ်ာက္ကြယ္မသြားဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။

– Suho

Suhoကေတာ့ မန္ဘာဝင္ေတြအေပၚမွာ အေမတစ္ေယာက္လိုပါပဲ။ သူက မန္ဘာဝင္ေတြကို အၿမဲတမ္းဆုံးမတတ္ေလ့ရွိပါတယ္။ တစ္ခါတစ္ေလဆို မန္ဘာေတြက ဆုံးမတာေတြရပ္ဖို႔ ျပန္ၿပီးတားယူရတဲ့အထိပါပဲ။ သူက အဖြဲ႕ဝင္ေတြ စိတ္ညစ္စရာေတြႀကဳံရင္ ေႏြးေႏြးေထြးေထြး ႏွစ္သိမ့္ေပးတတ္တဲ့သူမ်ိဳးပါ။

– Chanyeol

Chanyeol က မ်က္လုံးဖြင့္ၿပီး အိပ္တတ္တဲ့သူပါ။ ဒါကေတာ့ နည္းနည္းေတာ့ ေက်ာခ်မ္းခ်င္စရာပါပဲ။ တစ္ခါက သူက ဒီအတိုင္း မ်က္လုံးႀကီးဖြင့္ၿပီး ထိုင္ေနေတာ့ ကြၽန္ေတာ္က စကားသြားေျပာမိတယ္။ ဒါေပမဲ့ သူက ဘာမွျပန္မေျပာဘူး။ အဲဒါေၾကာင့္ နီးနီးကပ္ကပ္ ၾကည့္လိုက္မိေတာ့မွ သူအိပ္ေနမွန္း သိလိုက္ရတာပါ။

– Chi Ko
Ref: Koreaboo & Photos Credit.

You cannot copy content of this page