K pop

■ Ji Chang Wook ရဲ့ ထူးဆန်းတဲ့ အကြောက်တရား

– – -အဲဒီအရာကို ဘယ်နေရာတွေ့တွေ့ Ji Chang Wook တစ်ယောက် လစ်ခနဲနေအောင် ပြေးတတ်ပြီး…

Knowing Brothers ရဲ့ အပိုင်းတစ်ပိုင်းမှာ Ji Chang Wook, Kim Min Seok နဲ့ Ryu Kyung Soo တို့ပါဝင်ခဲ့ရာမှာတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်အကြောင်းတွေကို ဖွင့်ဟသွားခဲ့ပါတယ်။

အဲဒီမှာမှ Ji Chang Wook ဟာ အကြောက်တရားနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရပါတယ်။ Ji Chang Wook က သူ့ရဲ့ နာမည်ပြောင်က Scaredy Wook ဖြစ်ပြီး bugs တွေကို ကြောက်ရွံ့တဲအ့တွက် အဲဒီလိုနာမည်ပြောင်ရလာခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

Ji Chang Wook က သူ့အနေနဲ့ Bug တစ်ကောင်ကို တွေ့ပြီဆိုတာနဲ့ ဘယ်နေရာမှာတွေ့တွေ့ တန်းပြေးတာလို့ ဆိုပါတယ်။ တစ်ခါတုန်းက ကားမောင်းနေရင်း အမှတ်တရဖြစ်ရပ်တစ်ခုကိုလည်း Ji Chang Wook က ပြန်ပြောင်းဖွင့်ဟခဲ့ပါတ်ယ။

ကားမောင်းနေရင်း ကားထဲကနေ လက်ဝါးလောက်ရှိတဲ့ Bug တစ်ကောင်ဟာ ထွက်လာတယ်လို့ ဆိုခဲ့ပါတယ်။ Ji Chang Wook ပြောတဲ့အရွယ်အစားနဲ့ပတ်သက်ပြီး Knowing Brothers အဖွဲ့ဝင်တွေက ငြင်းဆန်ခဲ့ကြပြီး Heechul က လက်ဝါးလောက်ရှိရင် ဒါကငှက်မဟုတ်ဘူးလား လို့ အရွှန်းဖောက်ခဲ့ပါတယ်။

Ji Chang Wook ကတော့ သူ့စကားကို မလျှော့ဘဲ အဲဒီ Bug ဟာ တကယ့်ကို သူ့လက်လောက်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီ Bug ကို မြင်လိုက်ရချိန်မှာ သူ့အနေနဲ့ ကားပေါ်ကနေဆင်းပြေခဲ့တယ်လို့ Ji Chang Wook က ဖွင့်ဟခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ကြားပြီးနောက်မှာ ဒါဆို Ji Chang Wook အနေနဲ့ Outdoor တွေ ရိုက်လို့ရမှာမဟုတ်ဘူးလို့ Knowing Brothers အဖွဲ့သားတွေက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ Ji Chang Wook က သူ့အနေနဲ့ Outdoor တွေလည်း ရိုက်နိုင်ကြောင်း၊ Outdoor တွေရိုက်ပြီဆိုရင် Bug တွေလာတတ်တဲ့ အလင်းရှိတဲ့နေရာတွေကို မသွားကြောင်း ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ မင္းသား Ji Chang Wook ရဲ႕ ထူးဆန္းတဲ့ အေၾကာက္တရား

– – -အဲဒီအရာကို ဘယ္ေနရာေတြ႕ေတြ႕ Ji Chang Wook တစ္ေယာက္ လစ္ခနဲေနေအာင္ ေျပးတတ္ၿပီး…

Knowing Brothers ရဲ႕ အပိုင္းတစ္ပိုင္းမွာ Ji Chang Wook, Kim Min Seok နဲ႔ Ryu Kyung Soo တို႔ပါဝင္ခဲ့ရာမွာေတာ့ ပရိသတ္ေတြအတြက္ စိတ္ဝင္စားဖြယ္အေၾကာင္းေတြကို ဖြင့္ဟသြားခဲ့ပါတယ္။

အဲဒီမွာမွ Ji Chang Wook ဟာ အေၾကာက္တရားနဲ႔ ပတ္သက္ၿပီး အေမးခံခဲ့ရပါတယ္။ Ji Chang Wook က သူ႔ရဲ႕ နာမည္ေျပာင္က Scaredy Wook ျဖစ္ၿပီး bugs ေတြကို ေၾကာက္႐ြံ႕တဲအ့တြက္ အဲဒီလိုနာမည္ေျပာင္ရလာခဲ့တာလို႔ ဖြင့္ဟခဲ့ပါတယ္။

Ji Chang Wook က သူ႔အေနနဲ႔ Bug တစ္ေကာင္ကို ေတြ႕ၿပီဆိုတာနဲ႔ ဘယ္ေနရာမွာေတြ႕ေတြ႕ တန္းေျပးတာလို႔ ဆိုပါတယ္။ တစ္ခါတုန္းက ကားေမာင္းေနရင္း အမွတ္တရျဖစ္ရပ္တစ္ခုကိုလည္း Ji Chang Wook က ျပန္ေျပာင္းဖြင့္ဟခဲ့ပါတ္ယ။

ကားေမာင္းေနရင္း ကားထဲကေန လက္ဝါးေလာက္ရွိတဲ့ Bug တစ္ေကာင္ဟာ ထြက္လာတယ္လို႔ ဆိုခဲ့ပါတယ္။ Ji Chang Wook ေျပာတဲ့အ႐ြယ္အစားနဲ႔ပတ္သက္ၿပီး Knowing Brothers အဖြဲ႕ဝင္ေတြက ျငင္းဆန္ခဲ့ၾကၿပီး Heechul က လက္ဝါးေလာက္ရွိရင္ ဒါကငွက္မဟုတ္ဘူးလား လို႔ အ႐ႊန္းေဖာက္ခဲ့ပါတယ္။

Ji Chang Wook ကေတာ့ သူ႔စကားကို မေလွ်ာ့ဘဲ အဲဒီ Bug ဟာ တကယ့္ကို သူ႔လက္ေလာက္ရွိတယ္လို႔ ဆိုခဲ့ပါတယ္။ အဲဒီ Bug ကို ျမင္လိုက္ရခ်ိန္မွာ သူ႔အေနနဲ႔ ကားေပၚကေနဆင္းေျပခဲ့တယ္လို႔ Ji Chang Wook က ဖြင့္ဟခဲ့ပါတယ္။

ဒီျဖစ္ရပ္ကို ၾကားၿပီးေနာက္မွာ ဒါဆို Ji Chang Wook အေနနဲ႔ Outdoor ေတြ ႐ိုက္လို႔ရမွာမဟုတ္ဘူးလို႔ Knowing Brothers အဖြဲ႕သားေတြက ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒါေပမဲ့ Ji Chang Wook က သူ႔အေနနဲ႔ Outdoor ေတြလည္း ႐ိုက္ႏိုင္ေၾကာင္း၊ Outdoor ေတြ႐ိုက္ၿပီဆိုရင္ Bug ေတြလာတတ္တဲ့ အလင္းရွိတဲ့ေနရာေတြကို မသြားေၾကာင္း ဆိုခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page