K pop

■ IQ အမြင့်ဆုံး K-pop Idol များ

— – – BTS အဖွဲ့ခေါင်းဆောင် RM ရဲ့ IQ ဘယ်လောက်ရှိတယ်ဆိုတာ ပရိသတ်တော်တော်များများ သိကြမှာပါ။ သူ့ထက် IQ မြင့်တဲ့ Idol တွေလည်း ရှိနေပါသေးတယ်။ သူတို့ကတော့ …

K-pop Idol တွေနဲ့ ပတ်သက်ရင် အထင်ကြီးစရာတွေ အရမ်းများပါတယ်။ ချောမောပြေပြစ်တဲ့ ရုပ်ရည်၊ ကျန်းမာသန်စွမ်းပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် ဒါတွေအစ အဆိုပါရမီ၊ ရက်ပ်အဆုံး တော်တော်လေးကိုများတာပါ။ ဒါတွေအပြင် ပိုပြီးလေးစားစရာကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ K-pop Idol တွေထဲမှာ အတန်းပညာအရမ်းကောင်းတဲ့သူတွေ ရှိသလို၊ IQ မြင့်တဲ့သူတွေ ရှိနေပါတယ်။

Tablo – 160


EPIK HIGH အဖွဲ့ခေါင်းဆောင် Tablo ဟာ IQ 160 အထိ ရှိသူဖြစ်ပါတယ်။ သူဟာ ရက်ပ်ပါ၊ သီချင်းရေးသူ၊ ပရိုဂျူဆာဖြစ်သလို၊ Stanford University ကနေ English Literature and Creative Writing နဲ့ Master’s degree ရရှိထားသူဖြစ်ပါတယ်။ သူဟာ အဲဒီတက္ကသိုလ်မှာ အတန်းတိုင်း Grade A ရရှိခဲ့တာပါတဲ့။

Park Kyung – 156


BLOCK B အဖွဲ့ရဲ့ ရက်ပ်ပါ Park Kyung ဟာ IQ 156 ရှိပါတယ်။ ဒါကို MENSA အတည်ပြုထားတာဖြစ်ပြီး Park Kyung ဟာ ဂဏန်းသင်္ချာတွက်ချက်ရာမှာ တော်လွန်းလို့ သူ့ကို human calculator လို့တောင် ခေါ်ကြပါတယ်။ သူဟာ BLOCK B အဖွဲ့မှာ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး တွက်ချက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Max Changmin – 155


TVXQ ရဲ့ အငယ်ဆုံးလေး Max Changmin ဟာ ပျမ်းမျှ IQ 106 ရှိတဲ့ ကိုရီးယားလူမျိုးတွေထဲမှာ IQ 155 အထိ ရှိသူပါ။ သူ အထက်တန်းကျောင်းက ဘွဲ့ရတော့ တစ်ကျောင်းလုံးမှာ အဆင့် (၉) ချိတ်ပါသတဲ့။ သူဟာ Kyung Hee University မှာ Postmodern Music၊ Konkuk University မှာ Film and Arts အပြင် Inha University မှာလည်း ဘွဲ့တွေရထားသူ ဖြစ်ပါတယ်။

RM – 148


လက်ရှိ K-pop ရဲ့ အအောင်မြင်ဆုံးအဖွဲ့အဖြစ် ရပ်တည်နေတဲ့ BTS အဖွဲ့ကို ဦးဆောင်နေသူ RM ဟာ IQ 148 ရှိသူ ဖြစ်ပါတယ်။ သူ့ကို genius brain လို့ တင်စားကြပါတယ်။ အဲဒီလို တင်စားလောက်အောင်လည်း RM ဟာ အင်္ဂလိပ်စကားကို FRIENDS ဇာတ်လမ်းတွဲကြည့်ရင်း သင်ခဲ့တာပါတဲ့။

Hani – 145


EXID အဖွဲ့ဝင် Hani ဟာ English for International Communication (သို့) TOEIC စာမေးပွဲမှာ (၉၉၀) မှတ်ပေးတဲ့ထဲက အမှတ် (၉၀၀) အထိ ရရှိခဲ့သူပါ။ အဲဒီစာမေးပွဲကို ဖြေဖို့ Hani လေ့လာခဲ့တဲ့ အချိန်က (၂)လပဲ ရှိပါတယ်။ သူမဟာ တရုတ်နဲ့ ဂျပန်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။

တခြား IQ မြင့်တဲ့ Idols တွေကတော့

TVXQ’s Yunho – 142

Red Velvet’s Wendy – 140

2PM’s Ok Taecyeon – 130

Super Junior’s Kyuhyun – 130

ASTRO’s Cha Eunwoo – 130

— ဃဲ
Ref: KPZ

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page