K pop

■ မတော်တဆမှုတစ်ခုကြောင့် ပေါင်မှာ အမာရွတ်ကျန်ခဲ့တယ်ဆိုတဲ့ BLACKPINK အဖွဲ့ဝင်

— – – ဒီဖြစ်ရပ်အတွက် အပြစ်တင်စရာမရှိပါဘူး။ ဒါက ကလေးတွေမှာ ဖြစ်တတ်တဲ့ ဖြစ်ရပ်ဖြစ်ပြီး ကံမကောင်းလို့သာ …

နယူးဇီလန်မှာ မွေးဖွားခဲ့ပြီး သြစတြေးလျမှာ ကြီးပြင်းခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Rosé က ငယ်စဉ် ကျောင်းသူဘဝတုန်းက မတော်တဆမှုတစ်ခုကြောင့် သူရဲ့ ပေါင်မှာ အမာရွတ်တစ်ခု တင်ကျန်ရစ်ခဲ့ကြောင်း ဆိုပါတယ်။

BLACKPINK DIARIES ရဲ့ အပိုင်းတစ်ခုမှာ Rosé ဟာ သူမရဲ့ ကြီးပြင်းဖြစ်ရာဖြစ်တဲ့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းကို သွားရောက်ခဲ့တာပါ။ အဲဒီနောက်မှာတော့ Rosé ဟာ သူမ ငယ်စဉ်က တက်ရောက်ခဲ့တဲ့ ကျောင်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

သူ ငယ်စဉ်က တက်ခဲ့တဲ့ ကျောင်းကို ရောက်တဲ့အခါမှာတော့ Rosé ဟာ အရမ်းပျော်နေခဲ့ပြီး ငယ်စဉ်က အမှတ်တရတွေကို ပြန်အမှတ်ရခဲ့ပုံပါပဲ။ အဲဒီနောက်မှာတော့ Rosé က သူ တက်ခဲ့တဲ့ အခန်းကို ပြခဲ့ပါတယ်။

“ကျွန်မ ဒီမှာ Vanessa ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ ထိုင်တာပါ။ ကျွန်မတို့ နှစ်ယောက်က မုန့်စားဆင်းချိန် ခေါင်းလောင်းထိုးတာနဲ့ အစားအသောက် ရောင်းတဲ့ နေရာကို တန်းပြီး ပြေးကြတာပါပဲ” လို့ Rosé က ဆိုပါတယ်။

ဒါပေမဲ့ တစ်နေ့မှာတော့ Rosé ကံမကောင်းခဲ့ပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ Rosé က “တစ်နေ့ ကျွန်မတို့ မုန့်စားဆင်းချိန် ပြေးရင်း ကျွန်မ လဲကျခဲ့တာပါ။ အဲဒီလဲကျတုန်းက တင်ကျန်ခဲ့တဲ့ အမာရွတ်ဟာ အခုအချိန်ထိ ရှိနေတုန်းပါပဲ”လို့ Rosé က ဆိုပါတယ်။

— ဃဲ
Ref: BLACKPINK DIARIES`& Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page