K pop

■ Dating သတင်းတွေနဲ့ ပတ်သက်ရင် GD ကို အတုယူပါတဲ့

— – -Dating သတင်းတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေ အကြိုက်တွေ့နေဆဲ GD ရဲ့ တုံ့ပြန်ပုံတွေကတော့ …

ကိုရီးယားအင်တာနက်အသုံးပြုသူတွေကတော့ Dating Scandal တွေ ရှင်းတဲ့နေရာမှာ BIGBANG ကို လေးစားကြပြီး အထူးသဖြင့် G-Dragon ကို ဥပမာပေးပြီး Cele တွေအနေနဲ့ သူတို့လို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဆိုကြပါတယ်။

Cele နဲ့ Dating Scandal ဆိုတာ ခွဲလို့မရအောင်ပါပဲ။ BIGBANG အဖွဲ့ဆိုရင် ဒီ Dating Scandal တွေနဲ့ ယဉ်ပါးနေတဲ့အဖွဲ့လို့ ဆိုရမှာဖြစ်ပြီး သူတို့ကိုင်တွယ်ဖြေရှင်းပုံကို ပရိသတ်တွေက အရမ်းသဘောကျကြပါတယ်။

“BIGBANG ဆိုရင် ဘယ်လောက်ပဲ Dating Scandal ထွက်ထွက် သူတို့ကို အားပေးတဲ့လူ လျော့သွားတယ်လို့ မရှိဘူး။ အထူးသဖြင့် GD ဆိုရင် သူရဲ့ အရည်အချင်းနဲ့ ပါရမီတွေက ပရိသတ်တွေကို အားပေးဖို့ကလွဲလို့ ဘာမှကို မတတ်နိုင်တာ။ ကျွန်တော်က GD ပရိသတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စင်ပေါ်မှာ GD လုပ်ပြတာတွေက လုံးဝထိပ်တန်းဆိုတာကိုတော့ သူ့ကို မုန်းနေတဲ့လူတွေတောင် ငြင်းလို့ မရနိုင်ဘူး”- ကိုရီးယားအင်တာနက် အသုံးပြုသူတစ်ဦး

BIGBANG အဖွဲ့က Dating Scandal ထက် စကေးပိုင်းကို ဦးစားပေးပါတယ်။ ပြီးတော့ သူတို့နဲ့ ပရိသတ်ကြားဆက်ဆံရေးက အလွန်ခိုင်မာတာကြောင့် သူတို့ကို အားပေးသူတွေဟာ ဘယ်လို Scandal ထွက်ထွက် သူတို့ကို ဘယ်တော့ မစွန့်ခွာဘူးလို့လည်း ကိုရီးယားအင်တာနက် အသုံးပြုသူတွေက သုံးသပ်ကြပါတယ်။

“BIGBANG အဖွဲ့ရဲ့ ပရိသတ်တွေနဲ့ ဆက်ဆံပုံဟာ ခိုင်မာလွန်းတယ်လို့ ထင်တယ်။ ပြီးတော့ BIGBANG အဖွဲ့ဝင်တွေက အရမ်းပါးနပ်တယ်။ သူတို့အနေနဲ့ အစီအစဉ်တွေမှာ ပါဝင်တဲ့ အခါ Dating အကြောင်းတွေကို လည်ပတ်မေးတတ်ပေမယ့် သူတို့က ပြောချင်မှ ပြောတာ။ ဒါကို ခွင့်ပြောဖို့ လိုတယ်။ မလိုဘူးဆိုတာကို သူတို့ကောင်းကောင်းသိတယ်။ သူတို့ကို ဒီအပိုင်းနဲ့ ပတ်သက်လို့ ဖိအားပေးလို့ မရပါဘူး”- ကိုရီးယားအင်တာနက် အသုံးပြုသူတစ်ဦး

Dating Scandal က Idol တွေရဲ့ ကိုယ်တိုင်ဘဝပါ။ သတင်းတွေ ဖော်ပြတာကတော့ မီဒီယာတွေ အလုပ်ဖြစ်ပြီး ဒါဟာ သူတို့ အလုပ်ကို သူတို့လုပ်ကြတာဖြစ်ပါတယ်။ ဒီတော့ သတင်းတွေ ဘယ်လောက်ထွက်ထွက် Privacy နဲ့ ပတ်သက်လို့ Idol တွေမှာ ကာကွယ်ခွင့် ရှိပါတယ်။

ဒါကို BIGBANG အဖွဲ့နဲ့ YG Entertainment က ကောင်းကောင်းနားလည်ပြီး တခြား Idol တွေအနေနဲ့ BIGBANG အဖွဲ့ဝင်တွေ အထူးသဖြင့် G-Dragon ကို အတုယူသင့်တယ်လို့ ကိုရီးယားအင်တာနက် အသုံးပြုသူတွေက ဆိုခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page