K pop

■ Snowdrop မှာ Jisoo နဲ့အတူ ပါဝင်မယ့် ထိပ်တန်းမင်းသမီးတစ်ဦး

— – – ၂၀၂၁ မှာ ထုတ်လွှင့်မဲ့ JTBC ရဲ့ Snowdrop ဇာတ်လမ်းတွဲမှာ Jisoo, Jung Hae In နဲ့အတူ ပါဝင်မဲ့ ကိုရီးယားထိပ်တန်းမင်းသမီးကတော့ ….

ဒီဇင်ဘာ (၂၈)ရက်မှာတော့ YG Entertainment ရဲ့မင်းသမီးဖြစ်သူ Yoo In Na က သူမအနေနဲ့ “SKY Castle” ဇာတ်လမ်းတွဲ ဒါရိုက်တာ ရိုက်ကူးနေတဲ့ JTBC ရဲ့ Snowdrop ဇာတ်လမ်းတွဲမှာ Jisoo, Jung Hae In, Kim Hye Yoon, Jang Seung Jo, Yoon Se Ah နဲ့အတူ ခေါင်းဆောင်နေရာက ပါဝင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

၁၉၈၇ ခုနှစ် ဝန်းကျင်ကာလကို အခြေတည်ရိုက်ကူးမယ့် “Snowdrop” ဟာ Soo Ho(Jung Hae In)ရဲ့ တက္ကသိုလ်အချစ်ဇာတ်လမ်း ဖြစ်ပြီး ကောလိပ်ကျောင်းသူလေး Young Cho(Jisoo) ဟာ Soo Ho ကို စောင့်ရှောက်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေနဲ့ သူတို့အကြား အချစ်ဇာတ်လမ်းကို အခြေတည်မှာ ဖြစ်ပါတယ်။

Yoo In Na က လှပတဲ့ ခွဲစိတ်ဆရာဝန်မလေး Kang Chung Ya အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး သူမရဲ့ ဇာတ်ကောင်ဟာ လျှို့ဝှက်ချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

“Snowdrop” ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်လောက်မှာ ထုတ်လွှင့်မယ်လို့ သတင်းထွက်နေပါတယ်။

— ဃဲ
Ref: Soompi & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page