K pop

■ အဖွဲ့ထဲမှာ Tom & Jerry လို့ နာမည်ကြီးတဲ့ Idol အတွဲ (၅)တွဲ

— – – သူတို့တွေကြားမှာ အချင်းချင်းငြင်းခုန်တာ၊ စနောက်တာရှိပေမဲ့ သူတို့ဟာ တစ်ဦးကို တစ်ဦး မတွေ့ရ မနိုင် …

သူတို့က တစ်ဦးကို တစ်ဦးကို အရမ်းချစ်ကြတယ်။ အဲဒီလိုပဲ သူတို့ဟာ တစ်ဦးကို တစ်ဦး မနောက်ရ မနေနိုင်သူတွေလည်း ဖြစ်တယ်။ သူတို့တွေ အတူတူ ရှိနေပြီဆိုရင်တော့ သေချာတစ်ခုက သူတို့ဟာ အလွန်ချစ်စရာကောင်းတယ်ဆိုတာပါပဲ။

SHINee – Key & Minho

သူတို့နှစ်ဦးမှာ Minho က ဆေးဆေးအေးအေး နေတတ်သူဖြစ်ပြီး Key ကတော့ သိတဲ့အတိုင်း ပျော်ပျော်နေတတ်သူပါ။ ပြီးတော့ ပိုဆိုးတာက SHINee အဖွဲ့ထဲမှာ Key က စနောက်ချင်ဆုံးချင်သူကလည်း Minho ဖြစ်ပါတယ်။ သူတို့ဟာ အတူတူဆိုရင် ကလေးတွေလို တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်နောက်ပြောင်လေ့ရှိကြပါသတဲ့။

BLACKPINK – Rosé & Lisa

၉၇ ခုနှစ်မှာ မွေးဖွားသူတွေဖြစ်ပြီး သူတို့အကြား တူညီမှုတွေများစွာ ရှိပါတယ်။ အဖွဲ့ထဲမှာ အငယ်ဆုံးလေးတွေဖြစ်လို့ နှလုံးသားချင်း ပိုနီးသလို၊ တစ်ယောက်နဲ့ တစ်ယောက် Diss ဖို့၊ နောက်ပြောင်ဖို့လည်း ဝန်မလေးသူတွေ ဖြစ်ပါတယ်။ သူတို့က စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ ခွဲခွာလို့မရတဲ့ အတွဲပါ။

Super M – Kai and Lucas

Kai နဲ့ Lucas တို့က ပြီးပြည့်စုံတဲ့ ညီအစ်ကိုတွေလို့ ဆိုရမယ်။ စတွေ့တုန်းက Lucas ဟာ ရှက်ပြီး စကားမပြောရဲခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Kai ကို နောက်ပြောင်ရင်း ပျော်နေတတ်သူဖြစ်သလို၊ Kai ကို Lucas ကို အခွင့်ကြုံရင် ကြုံသလို Diss လေ့ရှိပြီး သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ ကြွက်လို ခွဲမရသူတွေပါ။

EXO – D.O. and Chanyeol

အပျော်ဗိုင်းရပ်စ်နဲ့ တည်ငြိမ်သူကြားက စစ်ပွဲတွေဟာ EXO-L တွေအတွက်တော့ ပြောမကုန်တဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေပါပဲ။ အရပ်အမောင်းကွာခြားတာကစပြီး သူတို့ရဲ့ Personality ကွာခြားကြပေမဲ့ သူတို့ဟာ တစ်ဦးကို တစ်ဦး အလွန်ချစ်ခင်သူတွေဖြစ်ပြီး Chanyeol က စလိုက် D.O. က ပြန်ချလိုက်နဲ့ ပျော်စရာကောင်းနေတာပါပဲ။

BTS – Jin and Jungkook

BTS ရဲ့ အကြီးဆုံးနဲ့ အငယ်ဆုံးကြားက ချစ်စဖွယ်ငြင်းခုန်မှု၊ စနောက်မှုတွေဟာလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးပါတယ်။ Jungkook ကို ပျိုးထောင်သူအဖြစ် Jin က ဝင့်ကြွားတတ်ပေမဲ့ စနောက်တိုင်း အငယ်လေးဆီမှာ ခံရတတ်သူကလည်း အစ်ကိုကြီး Jin ပဲ ဖြစ်ပါတယ်။

— ဃဲ
Ref: SB & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page