K pop

■ Ravi နဲ့ Taeyeon ဒိတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို သတင်းထောက်တစ်ဦး ပြသ

— – – ဒီဗီဒီယိုဖိုင်မှာ Taeyeon နဲ့ Ravi ဘယ်လိုဒိတ်ကြတယ်ဆိုတာကို ဖော်ပြထား …

မနေ့ (ဒီဇင်ဘာ ၂၇ ရက်)က ထွက်ပေါ်ခဲ့တဲ့ Taeyeon နဲ့ Ravi တို့ရဲ့ ဒိတ်သတင်းကို အေဂျင်စီတွေက ငြင်းခဲ့ကြပေမဲ့ Ravi ရဲ့ သူငယ်ချင်းဖြစ်သူက အတည်ပြုခဲ့သလို၊ အခုလည်း သတင်းထောက်တစ်ယောက် ဗီဒီယိုဖိုင်နဲ့အတူ သူတို့ ဒိတ်နေတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

Taeyeon နဲ့ Ravi တို့ရဲ့ ဒိတ်သတင်းကို စတင်ဖော်ထုတ်ခဲ့တဲ့ သတင်းထောက် Simple Lee က သူမရဲ့ You Tube မှာ ဗီဒီယိုတစ်ခု ထပ်တင်ပြီး သူတို့ဒိတ်နေကြောင်း ပြောဆိုခဲ့တာပါ။

သူက “ကျွန်မ အချက်အလက်တွေကိုပဲ ပြောတာပါ။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဒိတ်ခဲ့တာလို့ သူတို့နဲ့ ရင်းနှီးသူတွေက ဆိုပါတယ်။ သူတို့ ဒိတ်နေတာ (၁)နှစ်ကျော်ပြီဆိုတာလည်း အမှန်ပါပဲ။ သူတို့ရဲ့ ဆက်ဆံရေးက စီနီယာ-ဂျူနီယာ ဆိုတာထက် ပိုပါတယ်။

သူတို့က တစ်ဦးကို တစ်ဦး အရမ်းဂရုစိုက်ကြပြီး အားကိုးကြတယ်။ သူတို့ဟာ ခရစ္စမတ်ကာလကို အတူတူ ဖြတ်သန်းခဲ့ကြတယ်။ သူတို့ကို ဒိတ်ခဲ့တာကို ကျွန်မ ဗီဒီယိုနဲ့ သက်သေပြပါမယ်။ သူတို့နှစ်ဦးလုံးက အရမ်းကျော်ကြားသူတွေဖြစ်လို့ အိမ်မှာပဲ ဒိတ်ကြတာပါ။ သူတို့ဟာ ခရစ္စမတ်နေ့ကနေ (၂၇)ရက်အထိ (၃)ရက်နဲ့ (၂)ည (၅၅)နာရီကြာ အတူရှိနေပါတယ်။ ဒါက သူငယ်ချင်းဆက်ဆံရေးလား၊ ဒိတ်တာလားဆိုတာ ကိုယ့်ဘာကိုယ် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်မ အချက်အလက်တွေ ချပြရုံပါပဲ”လို့ ဆိုပါတယ်။

အောက်မှာ Taeyeon နဲ့ Ravi တို့ရဲ့ ဒိတ်နေကြောင်း သတင်းထောက် Simple Lee ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုနိုင်ပါတယ်။

— ဃဲ
Ref: AKP & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page