K pop

■ သားသားနဲ့ မီးမီးတို့ ဒီလိုမြင်ရတာ ဒယ်ဒီ RM မှာ စိတ်ချမ်းသာပါတယ်

-UNICODE

– – – ဒယ်ဒီ RM က ပီတီတွေဖြစ်ပြီး ပြုံးပျော်နေပုံက…..

BTS အဖွဲ့ခေါင်းဆောင် RM ဟာ နွေးထွေးတဲ့မေတ္တာတရားကို ပိုင်ဆိုင်ထားပြီး သိမ်မွေ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

RM အနေနဲ့ BTS အဖွဲ့ဝင်အပေါ် ကြင်ကြင်နာနာ၊ ဂရုတစိုက် ဆက်ဆံလေ့ရှိတာကိုလည်း တွေ့ရမှာပါ။ 2020 KBS Song Festival (KBS Gayo Daechukje) က RM ရဲ့ အပြုအမူကလည်း ပရိသတ်တွေအတွက် သဘောကျချင်စရာပါ။

အဲဒီပွဲမှာ TXT အဖွဲ့ဝင် Soobin နဲ့ OH MY GIRL အဖွဲ့ဝင် Arin တို့က အစီအစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ BTS အဖွဲ့နဲ့ အင်တာဗျူး အစီအစဉ်မှာတော့ Soobin နဲ့ Arin တို့အပေါ် RM ရဲ့ ပြုမူပုံကို ပရိသတ်တွေက သဘောကျခဲ့တာပါ။

ပထမဆုံး Arin က စကားပြောနေတဲ့အချိန်မှာ RM က သူမဘက်မှာ ပြံးပြီးပီတီဖြစ်နေတဲ့အမူအရာမျိုးပြခဲ့ပါတယ်။ နောက် Soobin စကားပြောတဲ့ အလှည့်ကျတော့လည်း RM က အဲဒီလိုပုံစံမျိုးပဲ မျက်နှာကြီးပြုံးပြီး ကျေနပ်နေတဲ့ ပုံစံမျိုး ပြခဲ့တာပါ။

RM ရဲ့ အဲဒီလိုပုံစံကို မြင်တွေ့ပြီးနောက်မှာတော့ ပရိသတ်တွေက သဘောကျနေပြီး ဖခင်တစ်ယောက်က သူ့သားသမီးတွေရဲ့ လုပ်ဆောင်ပုံကိုကြည့်ပြီး ကျေနပ်နေတဲ့ ပုံစံမျိုးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

သားသားနဲ့ မီးမီးတို့ ဒီလိုမြင်ရတာ ဒယ်ဒီ RM မှာ စိတ်ချမ်းသာရပါတယ်လို့ပဲ ဆိုရတော့မလိုပါပဲ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI









Ref: Koreaboo


You cannot copy content of this page