K pop

■ BTS အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ Suga ပြန်လည်ပါဝင်လာတော့မှာဖြစ်ပေမဲ့ ဒီတစ်ခုကို ရှောင်ရမယ်

— – – ပခုံးခွဲစိတ်မှုကြောင့် (၂)လကြာ အနားယူခဲ့ရတဲ့ Suga ဟာ BTS အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ပါဝင်လာတော့မှာဖြစ်ပြီး ဆရာဝန်တွေကတော့ …

ဒီဇင်ဘာ (၂၈)ရက်မှာ Big Hit Entertainment က ပခုံးခွဲစိတ်ထားတာကြောင့် အနားယူနေရတဲ့ BTS အဖွဲ့ဝင် Suga ဟာ အဖွဲ့လိုက် လှုပ်ရှားမှုတွေပါဝင်လာတော့မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ Suga အနေနဲ့ ပြင်းထန်တဲ့ choreography (ကကွက်)တွေကို မကသေးဖို့ ဆရာဝန်တွေက သတိပေးထားပြီး အရဲစွန့်မယ်ဆိုရင် ဒုက္ခရောက်သွားနိုင်တယ်လို့ သိရပါတယ်။

Suga က သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိမှာ လက်ကို ၉၀ ဒီဂရီမြှောက်ဖို့ ခက်ခဲနေတုန်းပဲ ဝန်ခံခဲ့ရပြီး ပိုကောင်းလာပေမဲ့ နာကျင်မှုကို အနည်းငယ်ခံစားနေရတုန်းပဲလို့ ဆိုပါတယ်။

ဒါကြောင့် Suga အနေနဲ့ BTS အဖွဲ့နဲ့အတူ Big Hit Labels’ ‘2021 New Year’s Eve Live’ online concert ကို ဖျော်ဖြေဖို့ ရှိနေပြီး ပခုံးအနေအထားအရ တချို့ choreography တွေကို တခြားအဖွဲ့ဝင်တွေလို Performance လုပ်နိုင်မှာ မဟုတ်ပါဘူး။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page