K pop

■ နောက်နှစ်ထဲမှာ စစ်မှုတာဝန်ထမ်းဆောင်တော့မယ့် L

— INFINITE အဖွဲ့ဝင်နဲ့ မင်းသားဖြစ်သူ L ဟာ 2021 ခုနှစ်မှာ စစ်မှုတာဝန်စတင်ထမ်းဆောင်မှာဖြစ် ပါတယ်။

ဒီဇင်ဘာလ 28 ရက်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ L (Kim Myung Soo) ဟာ စစ်မှုတာဝန် ထမ်းဆောင်ဖို့အတွက် ရေတပ်ရဲ့ အကြောင်းကြားမှုကို လက်ခံလိုက်ပြီလို့ သိရပါတယ်။ L ဟာ ဒီလို လက်ခံလိုက်ပြီဖြစ်တာကြောင့် 2021 ခုနှစ် ဖေဖော်ဝါရီလအကုန်လောက်မှာ စစ်မှုတာဝန်ကို စတင် ထမ်းဆောင်ဖို့ ရှိနေပါတယ်။

အတွင်းလူတစ်ဦးရဲ့ ထုတ်ပြန်မှုအရ L ဟာ စစ်မှုတာဝန်မထမ်းဆောင်ခင် သူချစ်လှစွာသော ပရိသတ် တွေကို လက်ဆောင်တွေနဲ့အမှတ်တရတွေပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

L ရဲ့ အေဂျင်စီ Management Esang ကလည်း အတည်ပြုခဲ့ပြီး အခုလိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ Kim Myung Soo ဟာ ရေတပ်မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားထားတာဖြစ်ပြီး အကြောင်း ပြန်ကြားမှုကိုလည်း လက်ခံလိုက်ပြီဖြစ်ပါတယ်။ နောက်နှစ် ဖေဖော်ဝါရီလ အကုန်လောက်မှာ ရေ တပ်မှာ စစ်မှုတာဝန်စတင်ထမ်းဆောင်မှာပါ” လို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page