K pop

■ YouTube Views သန်း 600 ပြည့်တဲ့ BLACKPINK ရဲ့ (6)ပုဒ်မြောက် သီချင်းတစ်ပုဒ်

—- BLACKPINK အဖွဲ့ဟာ နောက်ထပ် YouTube Views မိုင်တိုင်တစ်ခုကို ပြည့်သွားခဲ့ပြန်…

ဒီဇင်ဘာလ 28 ရက်နေ့ ကိုရီးယား စံတော်ချိန် 3:08 PM မှာ BLACKPINK အဖွဲ့ရဲ့ “Playing with Fire” MV ဟာ YouTube Views သန်း 600 ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် BLACKPINK အဖွဲ့ဟာ YouTube Views သန်း 600 ပြည့်တဲ့ (6)ခုမြောက် MV တစ်ပုဒ်ကို ပိုင်ဆိုင် လာခဲ့ပြန်ပြီဖြစ်ပါတယ်။

“Playing with Fire” MV ဟာ 2016 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်နေ့က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး YouTube Views သန်း 600 ပြည့်ဖို့ 4 နှစ်နဲ့ 2 လ ကြာမြင့်ခဲ့တယ်လို့ ဆိုရမှာပါ။

BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU,” “BOOMBAYAH,” “As If It’s Your Last,” “Kill This Love,” နဲ့ “How You Like That.” MV တို့ဟာ YouTube Views သန်း 600 ပြည့်ပြီး ကျော်ထားကြ တဲ့ MV တွေဖြစ်ပြီး အခုအခါ “Playing with Fire” MV ကပါ သန်း 600 ပြည့်ခဲ့တာကြောင့် BLACKPINK အဖွဲ့အနေနဲ့ မှတ်တမ်းသစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page