Celebrity

■ Song Ji Hyo ရဲ့ 10 နှစ်အကြာ ချေထားတဲ့ အရာကို ပြောပြခဲ့တဲ့ Lee Kwang Soo

— Lee Kwang Soo တစ်ယောက် 10 နှစ်အကြာ သူ့ကို ချေထားတဲ့ Song Ji Hyo ရဲ့ အပြုအမှုတစ် ခုကို ဒီဇင်ဘာလ 27 ရက်နေ့က ပြသခဲ့တဲ့ RM အစီအစဉ်အပိုင်းမှာ ဖောက်သည်ချခဲ့ပါပြီ။

RM အစီအစဉ်အတွင်းမှာ အဖွဲ့ဝင်တွေအားလုံးဟာ ထိုင်ပြီး စကားတွေပြောနေကြတာဖြစ်ပါတယ်။ အဲ ဒီမှာ အဖွဲ့ဝင်တစ်ဦးစီနဲ့ ပတ်သက်ပြီး ဝမ်းနည်းတဲ့အရာတစ်ခုကို ပြောကြေးဆိုပြီး ဆိုခဲ့ကြပါတယ်။

Song Ji Hyo နဲ့ ပတ်သက်ပြီး Lee Kwang Soo က သူဝမ်းနည်းတဲ့အရာတစ်ခုကို အခုလိုပြောခဲ့ပါ တယ်။

“ လွန်ခဲ့တဲ့ 10 နှစ်တုန်းကပေါ့။ ကျွန်တော်တို့ရဲ့ ပထမဆုံး Show ရိုက်ကူးမှုပြီးတော့ Ji Hyo ဆီ ကျွန်တော် မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဒီလိုပြောတာပါ။ ငါတို့ရဲ့ ပထမဆုံး ရှုတင် ရိုက်ကူးမှုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ရှေ့ဆက်ပြီး အကောင်းဆုံး အတူတူလုပ်ကြတာပေါ့ လို့ ဒီလို ပေးပို့ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ပြန်စာမရခဲ့ပါဘူး” – Lee Kwang Soo

ဒီလို Lee Kwang Soo က ပြောတဲ့အခါ Ji Hyo က ရယ်မောပြီး “ နိုး…ဒါ အမှန်တရားအားလုံးမဟုတ် ဘူး” လို့ စောဒကတက်ခဲ့ပါတယ်။ ဒါပေမဲ့ Yang Se Chan က “ ဒါကို နားလည်ပေးနိုင်တယ်။ Kwang Soo ဘာကြောင့် ဝမ်းနည်းသလဲဆိုတာ နားလည်ပေးနိုင်တယ်” လို့ အရွှန်းဖောက်တဲ့အခါ အားလုံး ရယ်မောခဲ့ကြပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page