—- ပရိသတ်တွေ အားကျရတဲ့ Cele စုံတွဲတစ်တွဲဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ Wedding လက်စွပ်တန်ဖိုးကို ဘယ်လောက်လို့ ထင်ပါသလဲ…
သူတို့ရဲ့ Wedding လက်စွပ်တန်ဖိုးကို Rain က ဧည့်သည်အဖြစ် ပါဝင်ခဲ့တဲ့ ‘My Little Old Boy’ အစီ အစဉ်မှာ ဖွင့်ချခဲ့လို့ Cast တွေရော ပရိသတ်တွေပါ အံ့အားသင့်ကုန်ကြပါတယ်။
Rain နဲ့ Kim Tae Hee ဟာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေအသီးသီးဖြစ်သလို ဥစ္စာဓန အင်အားလည်း အသီးသီးပေါကြွယ်ဝတဲ့သူတွေဖြစ်ပါတယ်။ Show အတွင်းမှာ Rain ကို Cast တွေက အိမ်တွင်း စီးပွားရေးကို ဘယ်လိုစီမံခန့်ခွဲသလဲလို့ မေးမြန်းခဲ့ကြတာပါ။
အဲဒီမှာ Rain က “ ကျွန်တော်တို့ လက်ထပ်တုန်းကတောင် တစ်ယောက်နဲ့ တစ်ယောက် ကျွန်တော်တို့ မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး အခြားသူတွေ ဘယ်လိုမြင်မြင် ဂရုမစိုက်နဲ့လို့ ပြောခဲ့ကြပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဟာ သေးငယ်တဲ့ မင်္ဂလာဆောင်ပဲလုပ်ခဲ့တာပါ။ ဒါ့အပြင်မကဘဲ မင်္ဂလာဆောင် လက်ဆောင်တွေကိုလည်း လဲလှယ်မှုမလုပ်ပါဘူး။ ကျွန်တော်တို့ရဲ့ Wedding လက်စွပ် တန်ဖိုးက 2 သိန်းခွဲကနေ 3 သိန်းအထိပဲရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
Rain ရဲ့ စကားကိုကြားတဲ့အခါ အားလုံးက အံ့အားသင့်ခဲ့ကြပြီး “ တကယ်လား…ဝိုး” ဆိုပြီးတော့ လည်း တုန်လှုပ်ခဲ့ကြပါတယ်။
ထပ်ပြီး Rain က “ အဲဒီတစ်ခုအပြင် ကျွန်တော်တို့ဟာ သုံးစွဲမှုနဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး မပါဝင် ကြေးလို့လဲ ဆုံးဖြတ်ထားကြပါတယ်။ များသောအားဖြင့်တော့ မိသားစုရဲ့ အစားအစာနဲ့ အခြားအရာ တွေကို ကျွန်တော်ပေးတာများပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဝန်ထမ်းတွေအတွက် အသုံးပြုတဲ့ အသုံးစရိတ်တွေကို အသီးသီးလေးစားမှုရှိကြပါတယ်” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar