Articles K pop

■ အမြင်မတော်တာဆို မနေနိုင်တဲ့ U-KNOW Yunho ရဲ့ လေးစားစရာလုပ်ရပ်

—- ကြားသုံးကြားထဲ ဝင်မရှုပ်ကောင်းဘူးတဲ့…ဒါပေမဲ့ အမြင်မတော်တာဆိုမနေနိုင်တဲ့ U-KNOW Yunho ရဲ့ လေးစားစရာလုပ်ရပ်တစ်ခုကတော့…

TVXQ ရဲ့ အဖွဲ့ခေါင်းဆောင် U-KNOW Yunho ဟာ အပြင်လှသလို အတွင်းလည်းလှတဲ့ ဝါရင့် Idol တစ်ဦးဖြစ်ပါတယ်။ သူဟာ လမ်းမပေါ်မှာ အနိုင်ကျင့်ခံနေရတဲ့ မိန်းမဘက်က ရပ်တည်ခဲ့မိလို့ ရိုက်နှက် မှုတောင်ခံရတာဖြစ်ပါတယ်။

U-KNOW Yunho ဟာ ‘About Time’ Show မှာ ဧည့်သည်အ နေနဲ့ ပါဝင်ခဲ့ပြီး Show အစီအစဉ်မှာ မေလက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့သူ့ရဲ့ အကြောင်းနဲ့ ပတ် သက်ပြီး ပြောခဲ့တာပါ။

မေလတုန်းက လူမှုကွန်ရက်မှာ ပရိသတ်တစ်ဦးဟာ U-KNOW Yunho ရဲ့ အဖြစ်အပျက်ကို ကိုယ်တိုင် မြင်ခဲ့ပြီး ဖောက်သည်ချခဲ့တာပါ။ “ မြင်ခဲ့ဖူးတဲ့ Cele တွေအားလုံးအနက် U-KNOW Yunho ကတော့ ကွဲပြားနေပါတယ်။ သူ့ရဲ့ တကယ့်အပြင်ဘက် ပုဂ္ဂိုလ်ရေးကို တွေ့မြင်ခဲ့တာပါ။ မကြာသေးခင်တုန်းက ကျွန်တော်/ကျွန်မဟာ Cheongdam-dong ကို ကြက်သားကြော်ဝယ်ဖို့ သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကားပေါ် ပြတင်းပေါက်ကနေ ကြည့်တဲ့အခါမှာ သက်လတ်ပိုင်းအရွယ် ယောကျာ်းတစ်ဦးနဲ့ မိန်းမတစ် ဦးဟာ လမ်းမပေါ်မှာ ရန်ဖြစ်နေကြတာဖြစ်ပါတယ်။

အဲဒီမှာပဲ U-KNOW Yunho ကို ဘာမှမဆိုင်ဘဲနဲ့ ပြန်ဖျန်ဖြေပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ U-KNOW Yunho ဟာ သင့်မြတ်အောင် ပြန်ဖြေပေးမှုကြောင့် အနည်းငယ်အရိုက်အနှက်တောင်ခံခဲ့ရ တာပါ။ ဒီမြင်ကွင်းကို လုံးဝကို အံ့အားသင့်ခဲ့မိပါတယ်။ အဲဒီအချိန် ပတ်ဝန်းကျင်မှာဘယ်သူမှမရှိပါဘူး။ သူ့ရဲ့ ကြင်နာမှုက တစ်ကယ်ပါပဲ” ဆိုတဲ့ ပို့စ်ပဲဖြစ်ပါတယ်။

အဲဒီ အွန်လိုင်းပို့စ်နဲ့ပတ်သက်ပြီး U-KNOW Yunho က “ အာ…ကျွန်တော် အဲဒီအဖြစ်အပျက်ကို မှတ် မိပါတယ်။ အဲဒီတုန်းက အမျိုးသမီးဟာ အသက် 60 ဝန်းကျင်ဖြစ်ပြီး အမျိုးသားကတော့ 40 ဝန်းကျင် ပါ။ အမျိုးသားက အမျိုးသမီးကို ရိုက်နှက်နေတာပါ။ သူတို့ရန်ပွဲပြီးတဲ့အခါ ကျွန်တော် နိုင်လွန်မင်း ထက်လုပ်တဲ့ အမျိုးသားကို နည်းနည်းလောက် သမလိုက်ပြီး ရဲကိုလည်း အကူအညီတောင်းလိုက်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page