K pop
■ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ပြီးနောက် TXT အဖွဲ့ COVID Test ခံယူ
-UNICODE
– – – TXT အဖွဲ့ သွားရောက်ခဲ့တဲ့ ရုပ်သံအစီအစဉ်က တခြားဧည့်သည်တစ်ဦးဟာ COVID-19 လူနာနဲ့ ထိတွေ့ခဲ့လို့……
Big Hit Entertainment က အမျိုးသားအဖွဲ့ဖြစ်တဲ့ TXT အဖွဲ့ဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် COVID-19 စစ်ဆေးမှုကို ခံယူထားပြီး လတ်တလောမှာ အဖြေစောင့်ဆိုင်းနေကြောင်း သိရပါတယ်။
TXT အဖွဲ့ဟာ နိုဝင်ဘာ (၁၉) ရက်နေ့က ESB ရဲ့ Boni Hani အစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက် COVID-19 စစ်ဆေးမှု ခံယူထားကြောင်း Big Hit ကိုယ်စားလှယ်က XSports news ကို ပြောထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ တခြားဧည့်သည်တွေထဲကတစ်ယောက်ဟာ COVID-19 အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့လို့ TXT ဟာ စစ်ဆေးမှု အလျင်အမြန်ခံယူခဲ့တာပါ။ အစိုးရက TXT အဖွဲ့ကို စစ်ဆေးမှုခံယူဖို့ မတောင်းဆိုခဲ့ပေမဲ့ TXT က နိုဝင်ဘာ (၂၅) ရက်နေ့မှာ ကိုယ့်အသိစိတ်နဲ စစ်ဆေးမှုခံယူခဲ့တာပါ။
EBS ဝန်ထမ်းတွေနဲ့ Boni Hani စက်အဖွဲ့သားတွေကလည်း လတ်တလောမှာ သီးသန့်နေထိုင်လျက်ရှိနေကြောင်း သိရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page