K pop

■ ပရိသတ်တစ်ဦး သိမ်းဆည်းထားတဲ့ သူ့ရဲ့ Photos Card တွေကို မြင်ပြီး Baekhyun တုံ့ပြန်ပုံ

— – – ဒီပရိသတ်ရဲ့ Baekhyun Photos Card တွေက Baekhyun ကိုချစ်တဲ့ EXOL တွေကို အားကျစေမှာ …

EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Baekhyun ဟာ ပရိသတ်တွေအတွက် အမြဲရှိနေသူဖြစ်ပြီး လူမှုကွန်ရက်တွေမှာလည်း ပရိသတ်တွေကို ဟာသဉာဏ်ရွှင်ရွှင်နဲ့ အမြဲ Reply ပြန်လေ့ရှိတာကြောင့် သူ့ကို ပရိသတ်ပေါင်းများစွာက ချစ်မြတ်နိုးကြတာပါ။

သိပ်မကြာခင်မှာ Twitter မှာ Baekhyun ကို ချစ်မြတ်နိုးတဲ့ ပရိသတ်ကောင်မလေးတစ်ယောက်က သူမ အချိန်ကြာမြင့်စွာ သိမ်းဆည်းလာတဲ့ Baekhyun ရဲ့ Photos Card တွေကို တင်ခဲ့ပါတယ်။

သူမက အဲဒီ Baekhyun ရဲ့ Photos Card တွေကို စက်ဝိုင်းပုံသဏ္ဍာန်ဖော်ပြထားပြီး “The magic circle to summon Baekhyun” ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။

အဲဒီ ပရိသတ်ရဲ့ သူ့အပေါ် ချစ်မြတ်နိုးပုံကို Baekhyun တွေ့သွားခဲ့ပြီး အရင်တုန်းက ပရိသတ်တွေက ရယ်မောရင် ဟာသဉာဏ်ရွှင်ရွှင်နဲ့ Reply ပြန်လေ့ရှိတဲ့ Baekhyun ဟာ “Wow” ဆိုတဲ့ တစ်ခွန်းပဲ ပြန်ဖြေနိုင်ခဲ့ပါတယ်။

Baekhyun အနေနဲ့ အဲဒီပရိသတ်ကောင်မလေးရဲ့ ချစ်ခင်မှုကြောင့် အတော်လေး ရင်ထဲထိသွားတာဖြစ်မယ်လို့ ပရိသတ်တွေက မှတ်ချက်ချခဲ့ကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page