K pop

■ HERA ရဲ့ ‘NEW Rouge Holic’ collection အတွက် ပုံတွေမှာ မိမိုက်နေတဲ့ Jennie

— – – BLACKPINK အဖွဲ့ဝင် Jennie နဲ့ HERA ရဲ့ လိုက်ဖက်မှုကြီးကတော့ …

နာမည်ကျော် မိတ်ကပ် Brand တစ်ခုဖြစ်တဲ့ HERA ဟာ သူတို့ရဲ့ ‘NEW Rouge Holic’ collection အတွက် BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

HERA ရဲ့ ‘NEW Rouge Holic’ collection အတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ Jennie ကို အနက်ရောင်ဝတ်စုံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ အနက်ရောင်ဝတ်စုံတွေနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ဆင်ယင်မှုတွေကြောင့် Jennie ရဲ့ luxurious beauty ကို အလွယ်တကူပဲ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

အခု Jennie မိတ်ဆက်ခဲ့တဲ့ ‘NEW Rouge Holic’ collection က နှစ်သစ်မှာ ထုတ်ဝေသွားမယ်လို့ HERA က ကြေညာထားပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page