K pop

■ Allure မှာ မြင်တွေ့ရမဲ့ Joy ရဲ့ 180-degree Contrasting Vibe

— – – ကာလာမဲ့ ပုံတွေနဲ့ နောက်ဆုံးပန်းရောင်ဝတ်စုံနဲ့ပုံလေးမှာ Joy ရဲ့ ဆွဲဆောင်မှုက …

Red Velvet အဖွဲ့ဝင် Joy ဟာ Allure Magazine အတွက် ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ Makeup styles ပေါင်းများစွာကို ကြိုးစားပြီး အကောင်းဆုံးတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် ထုတ်ဝေတဲ့ Allure Magazine မှာ Red Velvet အဖွဲ့ဝင် Joy ရဲ့ ပင်ကိုအလှနဲ့ smoky eye makeup look တွေကို ခံစားနိုင်မှာပါ။

Allure Magazine အတွက် ဓာတ်ပုံရိုက်ကူးခဲ့ခြင်းနဲ့ ပတ်သက်လို့ Red Velvet အဖွဲ့ဝင် Joy က “ဓာတ်ပုံရိုက်ရတာ ကျွန်မ အကြိုက်ဆုံးအလုပ်တွေထဲက တစ်ခုပါ။ ဓာတ်ပုံတွေက ကျွန်မရဲ့ ပင်ကိုအနေအထားကို ဖော်ပြတဲ့နေရာမှာ အကောင်းဆုံးပါပဲ။ ခြားနားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ကိုယ့်ရဲ့ character ခြားနားသွားတာ အရမ်းမိုက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Joy ဟာ Red Velvet အဖွဲ့နဲ့အတူ နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပမဲ့ ‘SM TOWN LIVE’ မှာ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး အဲဒီ Concert ကို အခမဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page